သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နေပြည်တော်နှင့် ပဲခူးတိုင်းရှိ ဆည်များမှ ရေဖောက်ချမှုကြောင့် စစ်တောင်းမြစ် ရေလျှံကာ တောင်ငူမြို့ နယ်မှ ပြည်သူ(၅,၀၀၀)ကျော် ရေဘေးသင့်

နေပြည်တော်နှင့် ပဲခူးတိုင်းရှိ ဆည်များမှ ရေဖောက်ချမှုကြောင့် စစ်တောင်းမြစ် ရေလျှံကာ တောင်ငူမြို့ နယ်မှ ပြည်သူ(၅,၀၀၀)ကျော် ရေဘေးသင့်

Hsan Loi Editor
29/08/2024
Share:

 

နေပြည်တော်‌ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ နယ်ရှိ ငလိုက်ဆည် နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့ နယ်၊ ဆွာမြို့ရှိ ဆွာဆည်မှ ရေများကို စစ်ကောင်စီ က ဖောက်ချလိုက်ခြင်းကြောင့် စစ်တောင်းမြစ်ရေလျှံတက်လာပြီး တောင်ငူမြို့နယ်မှ ပြည်သူ (၅)ထောင်ကျော် ရေဘေးသင့်ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာချခြင်းမရှိဘဲ စစ်ကောင်စီ၏ အကြောင်းမဲ့ ဆည်ရေဖောက်ချမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် စစ်တောင်းမြစ်နံဘေး ကျေးရွာများတွင်လည်း ရေလွှမ်းမိုးမှုဒဏ်ခံနေရကြောင်း ဒေသခံ သတင်းရင်းမြစ်မှ သိရသည်။

 

မြစ်ရေလျှံတက်လာမှုကြောင့် ရေဘေးသင့် ပြည်သူ များကို လူမှုကူညီရေးအဖွဲ့များက ရေဘေးလွှတ်ရာ ပြောင်းရွေ့ပေးပြီး ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း(၅)ခုမှာ နေရာချပေးထားကြောင်းသိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ(၂၃)ရက်နေ့က အဆိုပါတောင်ငူမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သွားရောက်ခဲ့သေးကြောင်း သိရှိရပါသည်။