တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နိုင်ငံရဲ့ လူဦးရေအများစုဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မလုပ်နိုင်တဲ့အတွက် ဆင်းရဲမွဲတေမှု များပြားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

နိုင်ငံရဲ့ လူဦးရေအများစုဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မလုပ်နိုင်တဲ့အတွက် ဆင်းရဲမွဲတေမှု များပြားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

Hsan Loi Editor
05/02/2026
Share:
နိုင်ငံ့လူဦးရေရဲ့ အများစုဟာ မိမိတို့ကိုယ်ကို ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှုမရှိတဲ့အတွက် ဆင်းရဲမွဲတေမှုလည်း များပြားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနဲ့ သင်တန်းသား အရာရှိကြီးများအား Video Conferencing နဲ့ ပြောကြားရာမှာ စစ်ခေါင်းဆောင်က အခုလို ထည့်သွင်း ပြောဆိုထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဆင်းရဲမွဲတေမှုများ ရှိနေသမျှကာလပတ်လုံး ပုဂ္ဂိုလ်ရေး ခံစားချက်များရှိပြီး မနာလိုတာ၊ မကျေနပ်တာများ ဖြစ်ပေါ်နိုင်ပြီး နိုင်ငံမတည်ငြိမ်မှုဖြစ်စဥ်မှာ ပညာရေးဆိုင်ရာ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပညာရေးကဏ္ဍမြင့်တင်ရေးကို မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ကာ အခြေခံပညာကျောင်း များမှ စတင်ပြီး နိုင်ငံတော်အလံအလေးပြုခြင်းကို နေ့စဥ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံချစ်စိတ်များ ဖြစ်ပေါ်လာမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်က ဖော်ပြချက်များအရ အချို့ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကိုပင် အလေးမပြုကြသူများနဲ့ နိုင်ငံတော်သီချင်း မဆိုကြသူများရှိတာကို သိရှိရတဲ့အတွက် နိုင်ငံသား များအနေနဲ့ တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေတာကို တွေ့ရကြောင်း၊ နိုင်ငံ့ဝန်ထမ်း အချို့အနေနဲ့ စီးပွားရေး၊ နိုင်ငံရေးတို့နဲ့ ပတ်သက်ပြီး မသမာမှုများ ဆောင်ရွက်ခဲ့ကြပြီး အဲ့လိုဖြစ်ပေါ်ရခြင်းမှာ တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
လက်တွေ့မှာ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ပဋိပက္ခကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း မြောက်များစွာ နိုင်ငံမှ ပြန်လည်ထွက်ခွာသွားသလို နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့်သာ နိုင်ငံရဲ့ GDP ဟာ ကျဆင်းသွားတာဖြစ်ပြီး ပြည်သူတွေရဲ့ စီးပွားရေး ဟာလည်း ကျဆင်းလာတာပဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုဟာ အရပ်သားပြည်သူနေထိုင်ရာ ဒေသတွေမှာ နေ့စဥ် ဗုံးကြဲတိုက်ခိုက်တာ၊ မတရားဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင် တဲ့အတွက် ပြည်သူတွေရဲ့ စီးပွားဘဝကျဆင်းပြီး စစ်ဘေးဒဏ်ကြောင့် ဒုက္ခဆင်းရဲ ခံစားနေကြရချိန်မှာ စစ်အုပ်စုရဲ့ လုပ်ရပ်ကြောင့်သာ တိုင်းပြည်ဆင်းရဲနေတာကို မျက်နှာလွဲထားပြီး ကိုယ့်ကိုကို တိုးတက်အောင် မလုပ်လို့ ဆင်းရဲမွဲတေတာဆိုပြီး ပြည်သူတွေကို စစ်ခေါင်းဆောင်က အပြစ်ပုံချ ပြောဆိုနေခြင်းဖြစ်ပါတယ်။