တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

နိုင်ငံတော် ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ် များစွာရှိနေခြင်းဟာ နိုင်ငံအတွက် အလွန်အန္တရာယ် ကြီးမားတာကြောင့် အထူးသတိပြုရန် စစ်ခေါင်းဆောင်ပြော

နိုင်ငံတော် ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ် များစွာရှိနေခြင်းဟာ နိုင်ငံအတွက် အလွန်အန္တရာယ် ကြီးမားတာကြောင့် အထူးသတိပြုရန် စစ်ခေါင်းဆောင်ပြော

Hsan Loi Editor
20/02/2026
Share:
ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်မှုတွေနဲ့ နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ်များစွာရှိနေတာဟာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးတာကြောင့် အထူးသတိပြုရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။
ဒီကနေ့မှာ ကျရောက်တဲ့ (၇၈)ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ထည့်သွင်းပြောဆိုထားတာပါ။
ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများအကြား နှစ်ပေါင်းထောင်နဲ့ချီ ဖြစ်တည်လာခဲ့တဲ့ သံယောဇဉ်နဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို အချင်းချင်းမုန်းတီးစေရန် ပြည်တွင်းပြည်ပ အဖျက်အင်အားစု တွေက သွေးခွဲရန်တိုက်ပေးပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုတွေကို သတိပြု ကာကွယ်ကြရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ယခု ကြုံတွေ့နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှု ရလဒ် ပယ်ဖျက်ခံရတဲ့အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းနဲ့ လိုချင်တပ်မက်တဲ့ ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုမှ စတင်ခဲ့တာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထား ပါတယ်။
ဒါ့အပြင် နိုင်ငံတော်နဲ့ ပြည်သူ့အပေါ် သဘောထားမမှန်ကန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့ဟာလည်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေကို အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနဲ့ အာဏာချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြတယ်လို့ စွပ်စွဲပြောဆို ထားပါတယ်။
အဲ့လိုလုပ်ဆောင်ချက်တွေကြောင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီက အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးကာ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံတွေ့နေရတာလို့ ဆိုပါတယ်။
တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန် ရရှိနေတဲ့အခြေအနေမှာ ယခုလို မဆင်မခြင်လုပ်ရပ်တွေကြောင့် နိုင်ငံရဲ့ အင်အားကို လျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနဲ့ အချိန်ယူ တည်ဆောက်ကြရမည် ဖြစ်တယ်လို့ စစ်ခေါင်းဆောင် က ပြောပါတယ်။
ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးက နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။