ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နယ်စပ်ပြဿနာကြောင့် အထောက်အထားမဲ့ အလုပ်သမားများအတွက် ပန်းရောင်ကဒ် လုပ်ပေးခြင်းကို ထိုင်းအစိုးရက ယာယီရပ်ဆိုင်း

နယ်စပ်ပြဿနာကြောင့် အထောက်အထားမဲ့ အလုပ်သမားများအတွက် ပန်းရောင်ကဒ် လုပ်ပေးခြင်းကို ထိုင်းအစိုးရက ယာယီရပ်ဆိုင်း

Hsan Loi Editor
18/10/2025
Share:
လက်ရှိနယ်စပ်အခြေအနေက ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့် အထောက် အထားမဲ့ အလုပ်သမားများအတွက် ဘတ်ရိုက် ခေါ် ပန်းရောင်ကဒ် ပြုလုပ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရက အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
အလုပ်သမားရှားပါးတဲ့ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် စတဲ့ အထောက်အထားမဲ့ အလုပ်သမားများကို အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းလုပ်ငန်း စတင်မယ်လို့ ကြေညာထားပြီး နောက်တစ်ရက်မှာပဲ ပန်းရောင်ကဒ် လုပ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
နယ်စပ်အခြေအနေကြောင့် အလုပ်သမားပြဿနာ ကျယ်ကျယ်ပြန့်ပြန့်ဖြေရှင်းနိုင်ရန်အတွက် ပန်းရောင်ကဒ်လုပ်ပေးတဲ့ လုပ်ငန်းစဥ် ရွှေ့ဆိုင်းလိုက်တာဖြစ်ကာ ပန်းရောင်ကဒ် လျှောက်ထားသူအရေ အတွက် ၂ ဒသမ ၉ သန်းရှိတယ်လို့လည်း သိရပါတယ်။May be an image of text
ယခုလို လုပ်ငန်းစဥ် ရွှေ့ဆိုင်းလိုက်တဲ့အတွက် အထောက်အထားမဲ့ အလုပ် သမားများအနေဖြင့် အလုပ်အကိုင်ရရှိဖို့နဲ့ နေထိုင်သွားလာဖို့အတွက် အခက် အခဲဖြစ်စေနိုင်တယ်လို့ ထိုင်းရောက် မြန်မာတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
လက်ရှိမှာ ပန်းရောင်ကဒ်ပြုလုပ်ရန်အတွက် ငွေသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ မျက်လုံး Scan ဖက်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လဝကရုံးတွင် အချက် အလက် စစ်ဆေးခြင်းနဲ့ အခြားသော လုပ်ငန်းစဉ်များ အားလုံးကို ရပ်ဆိုင်းထားတယ်လို့ သိရပြီး သက်ဆိုင်ရာ ပွဲစားများထံ စရံငွေကြိုသွင်းထားတဲ့ အလုပ် သမားများအနေဖြင့် ငွေပြန်မရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ပန်းရောင်ကဒ်ပြုလုပ်ပေးခြင်းလုပ်ငန်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပြီး ပြန်လည်စတင်မယ့် ရက်ကို ထပ်မံအသိပေးကြေညာသွားမယ်လို့ ထိုင်းအစိုးက ထုတ်ပြန်ထားပါတယ်။