သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နမ့်လန်မြို့နယ်အတွင်းရှိ စိုက်လက်စပြောင်းစိုက်ခင်းအချို့ မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံး

နမ့်လန်မြို့နယ်အတွင်းရှိ စိုက်လက်စပြောင်းစိုက်ခင်းအချို့ မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံး

Hsan Loi Editor
07/07/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့နယ်အတွင်းရှိ ပြောင်းစိုက်ခင်းအချို့ မိုးရွာသွန်းကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း သိရသည်။

 

နမ့်လန်မြို့နယ်တောင်ဘက် တောင်ကြီးဖာရေးကျေးရွာသွားလမ်းဘေးရှိ ပြောင်းစိုက်ခင်းများ ရေလွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။

 

“ မိုးက နည်းနည်းနောက်ကျမှ ရွာတော့ စိုက်ပျိုးရတာ ကိုးလို့ကန့်လန့်ဖြစ်ကုန်တယ်။ အစောပိုင်းတုန်းက မိုးကသိပ်မရွာဘူး တချို့တောင်သူတွေက မိုးကိုစောင့်ရင်းစိုက်ကြရတာလေနော်။ တချို့ကျတော့ မစောင့်နိုင်လို့ကြိုစိုက်လိုက်ကြတယ် မိုးရေကောင်းကောင်းမရတော့ အပင်ထွက်ပေမယ့် အပင်တွေက သိပ်မသန်ကြဘူး။ အခုမှ မိုးက ဆက်တိုက်ရွာတော့ ပြောင်းခင်းတွေကပျက်စီးကုန်ပါလေရော့။” ဟု နမ့်လန်မြို့နယ် ဒေသခံတစ်ဦးကပြောပြသည်။

 

ဒါ့အပြင် အဆိုပါလမ်းဘေးရှိ စပါးစိုက်ခင်းအချို့လည်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုများရှိကြောင်း သတင်းရရှိသည်။