TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်ကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီခွဲအချိန်က စစ်ကော်မရှင်တပ်မှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုရှိသလို မူကြိုကျောင်းအပါအဝင် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက် တာကြောင့် အရပ်သား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်နဲ့ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်မရှင်တပ်ဟာ TNLA ထိန်းချုပ်ဒေသအတွင်းရှိ မြို့ရွာများကို လေကြောင်းအပြင် ဒရုံးနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာပြီး ၂ ပတ်အတွင်း အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
photos_Credit