သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နမ့်စန်မြို့မစျေးထဲတွင် ဓါးမြတိုက်ဖို့ ကြံစည်သူ (၂)ဦးကို တာဝန်ရှိသူများက သေနတ်ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီး၊ စျေးသူစျေးသားများ အထိတ်တလန့်ဖြစ်

နမ့်စန်မြို့မစျေးထဲတွင် ဓါးမြတိုက်ဖို့ ကြံစည်သူ (၂)ဦးကို တာဝန်ရှိသူများက သေနတ်ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီး၊ စျေးသူစျေးသားများ အထိတ်တလန့်ဖြစ်

Hsan Loi Editor
08/12/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၇)ရက် နံနက်ပိုင်းအချိန်က ဓါးမြတိုက်ဖို့ ကြံစည်သူ (၂)ဦးကို ရဲတပ်ဖွဲ့များက သေနတ်ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီးကာ စျေးရောင်းသူ ဝယ်သူများ အထိတ်တလန့်ဖြစ်ကြောင်းသိရသည်။

 

နမ့်စန်မြို့ရှိ မြို့မစျေးထဲတွင် မျက်နှာအုပ်ထားသည့် အမည်မသိ အမျိုးသား(၂)ဦးက စျေးထဲရှိ ရွှေဆိုင်များကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်လံကြည့်ရှုကာ မသင်္ကာသဖြင့် ရွှေဆိုင်ပိုင်ရှင်များက တာဝန်ရှိရဲများ ဆက်သွယ်အကြောင်းကြားကြောင်း သိရသည်။

 

စျေးထဲသို့ တာဝန်ရှိ ရဲများရောက်ရှိလာချိန် ၎င်းတို့နှစ်ဦးက ထွက်ပြေးကာ တစ်ဦးက ရဲတပ်ဖွဲ့ကို ဓားဖြင့်ပြန်လည်ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ် လေးငါးချက် ပတ်ခတ်ကာ ဈေးသည်များက ကြောက်လန့်ပြီး ဆိုင်ပိတ်သိမ်းကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

အဆိုပါ ဓါးမြတိုက်သူ (၂)ဦးကို လိုက်လံဖမ်းဆီးကာ မြို့လည်ရှိ လက်ဖက် ရည်ဆိုင်မှာ ဖမ်းဆီးရမိကြောင်း သိရသည်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နယ်အတွင်းတွင် လုယက်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှုနှင့် ဓါးမြတိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပြီး နမ့်စန်မြို့တွင်လည်း ယခုနှစ်တွင် ရွှေဆိုင်များ ဓါးမြတိုက်ခံရမှု ၃ − ၄ကြိမ်ဖြစ်ပွားကာ ပြည်သူများအနေဖြင့်လည်း လုံခြုံမှု ကင်းမဲ့နေကြောင်း သိရသည်။