သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နမ့်ခမ်းမြို့နယ် နောင်ခန်ရွာမှ ဒေသခံ(၄)ဦး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသွားရင်း ပျောက်ဆုံးလျက်ရှိ

နမ့်ခမ်းမြို့နယ် နောင်ခန်ရွာမှ ဒေသခံ(၄)ဦး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသွားရင်း ပျောက်ဆုံးလျက်ရှိ

Hsan Loi Editor
04/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခန်ကျေးရွာမှ စိုင်းသန်းကျော်(ခ) စိုင်းကွမ့်၊ စိုင်းလှဝင်း၊ စိုင်းသန်းထွန်းနှင့်နန်းခမ်းလင်း တို့ (၄)ဦးသည် ၂၀၂၃ ခုနှစ် မေလ (၁၉)ရက်နေ့ နမ့်ခမ်းမြို့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ် ပေါ်ပေါ်ကျိုင်ရွာတွင် သံတိုသံစ ဝယ်ယူရန် သွားရောက်ခဲ့သည်။ မေလ (၂၁) ရက်နေ့မှ စပြီး ၎င်းတို့(၄)ဦးနှင့် မိသားစုဝင်များ အဆက်အသွယ်ပျက်တောက်သွားပြီး ၎င်းတို့(၄)ဦးလည်း ပျောက်ဆုံးလျက်ရှိသည်။

 

၎င်းတို့ (၄)ဦးနှင့် ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များကလည်း အွန်လိုင်းထက်တွင် တင်ပြထားသည်။ မေလ (၂၀)ရက်နေ့တွင် အဆိုပါ(၄)ဦးစလုံး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့သို့ ရောက်ရှိပြီး မေလ (၂၁)ရက်နေ့တွင် အဆက်အသွယ်ပျက်တောက်သွားခြင်းဖြစ်သည်။

 

မိသားစုဝင်များလည်း စိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းတို့(၄)ဦးကို ကူညီရှာဖွေပေးရန် SSPP ထံ အကူအညီတောင်းထားသည်ဟုဆိုသည်။