သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယနေ့ နံနက်အစောပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
မွန်းလွဲ (၃:၃၀) နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့နယ်ရဲစခန်းတွင် မီးခိုးငွေ့ထွက်ပေါ်လာသည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီး ညနေပိုင်းခန့်၌ TNLA အဖွဲ့က နမ့်ခမ်းမြို့နယ် ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဒါ့အပြင် နမ့်ခမ်းမြို့နယ်ရှိ ဌာနဆိုင်ရာရုံးတော်တော်များများအား TNLA အဖွဲ့ဝင်များက ဝင်ရောက်နေရာယူထားလျက်ရှိကြောင်း သတင်းရရှိသည်။
