သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဒေသတွင်း လူမှုစီးပွားကို အထောက်အကူပြုစေမယ့် သံလွင်မြစ်ကူး တာကော်တံတားသစ်ဖွင့်လှစ်ပြီ

ဒေသတွင်း လူမှုစီးပွားကို အထောက်အကူပြုစေမယ့် သံလွင်မြစ်ကူး တာကော်တံတားသစ်ဖွင့်လှစ်ပြီ

Hsan Loi Editor
08/04/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်းနဲ့ သျှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူး တာကော်တံတားအသစ်တစ်စင်းကို ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 

ယခုဖွင့်လှစ်လိုက်တဲ့ တာကော်တံတားအသစ်သည် သျှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲနဲ့ မိုင်းပြင်းမြို့နယ်ကြားရှိ မိထ္ထီလာ−တောင်ကြီး− ကျိုင်းတုံ−တာချီလိတ်လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် ၁၁၅၁ ပေ ရှည်လျားကာ တံတားအကျယ် ၃၀ ပေနဲ့ ယာဥ်တစ်စီးချင်း ခံနိုင်ဝန် တန် ၆၀ ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ တံတားသစ်သည် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်က တံတားတည်ဆောက်ရေး အဖွဲ့(၃)၊ တံတားအထူးအဖွဲ့ (၁၂)က စတင်တာဝန်ယူအကောင်အထည်ဖော်ပြီး ၇ နှစ်ကြာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

 

တာကော်တံတားသစ်ဖွင့်ပွဲကိုတော့ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က တက်ရောက်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။

 

တာကော်တံတားဟောင်းသည် ယာဥ်ဖြတ်သန်းအသုံးပြုမှု များပြားပြီး သက်တမ်းကြာမြင့် လာတာကြောင့် တံတားခံနိုင်ဝန်ကျဆင်းလာတဲ့အတွက် ဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုမရှိစေရန် တံတားဟောင်းရဲ့ ဘေးဘက်မှာ တံတားအသစ် တည်ဆောက်တာဖြစ်တယ်လို့ သိရပါတယ်။

 

သံလွင်မြစ်ကူး တာကော်တံတားသည် အိမ်နီးချင်း တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေနဲ့ ဆက်သွယ်သွားလာ ကုန်သွယ်မှုပြုလုပ်ရန်အတွက် အရေးပါတဲ့ တံတားတစ်စင်းဖြစ်တယ်လို့ သိရပါတယ်။