သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဒုတပ်ချုပ်ဟောင်း စိုးဝင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်လာ

ဒုတပ်ချုပ်ဟောင်း စိုးဝင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်လာ

Hsan Loi Editor
13/04/2026
Share:
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း ကြေညာပြီး ဥက္ကဋ္ဌနေရာကို ဒုတပ်ချုပ်ဟောင်း စိုးဝင်း အား ခန့်အပ်လိုက်တယ်လို့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ မင်းအောင်လှိုင် က ယနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အဲ့ဒီ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာ ပြည်ထောင်စုရဲ့ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးတာ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်နိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကောင်စီဥက္ကဋ္ဌအဖြစ် စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် မောင်မောင်အေး တို့က တာဝန်ယူပြီး ကောင်စီဝင်အဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနှင့် ဦးဇော်အေးမောင် တို့ ပါဝင်တယ်လို့ သိရပါတယ်။