သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဒီးမော့ဆိုနှင့်ဘောလခဲ နယ်စပ်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၈)ဦးသေပြီး တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရ

ဒီးမော့ဆိုနှင့်ဘောလခဲ နယ်စပ်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၈)ဦးသေပြီး တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရ

Hsan Loi Editor
20/04/2023
Share:

 

ယမန်နေ့ ဧပြီလ(၁၉)ရက်နေ့က ကယားပြည်နယ်(ကရင်နီပြည်နယ်) ဒီးမော့ဆိုမြို့နယ်နှင့်ဘောလခဲမြို့နယ်ကြား၌ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၈)ဦး သေဆုံးခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

 

ဒါ့အပြင် စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့သလို သေနတ်(၆)လက်နှင့် ကျည်ဆံများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် KA၊ KNDF တို့မှ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တပ်သားများ ဒဏ်ရာရရှိခြင်းမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်၏ စစ်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

 

ဧပြီလ (၁၆) ရက်နေ့နှင့် ဧပြီလ (၁၇) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီပူးပေါင်းအဖွဲ့မှ ထုတ်ပြန်ခဲ့သေးသည်။