၂၀၂၄ ခုနှစ် မေလတွင် ၀န်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် မစ္စတာ Pichit ကို ခန့်အပ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်မှုမြောက်တာကြောင့် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၀န်ကြီးချုပ် Mr.Srettha ကို ယနေ့ဩဂုတ်လ(၁၄)ရက်မှာ ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရပါသည်။
မစ္စတာ Pichit Chuenban ကို ရာထူးခန့်အပ်တဲ့ ကိစ္စဟာ မရိုးသားတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ရုံးတော်က သုံးသပ်ပြီး တရားသူကြီးတွေက ၅-၄ မဲနဲ့ ကန့်ကွက်ဖယ်ရှားခဲ့တာဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ် Mr. Srettha ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းကြောင့် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းရမှာဖြစ်ပြီး ၎င်း၏ အစိုးရအဖွဲ့လည်း ပျက်သွားပြီဖြစ်ကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အိမ်စောင့်အစိုးရအဖွဲ့ဝင်များက ၎င်းတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အိမ်စောင့်ဝန်ကြီးချုပ်ဖြစ်လာရန် မျှော်လင့်ထားသည့် ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai သည် လက်ရှိတွင် ကာဇက်စတန်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနေပြီဖြစ် ကြောင်း သိရှိရပါသည်။
