သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသော မြန်မာပြည်သားများကို ပြန်မပို့ရန် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆိုထား

ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသော မြန်မာပြည်သားများကို ပြန်မပို့ရန် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆိုထား

Hsan Loi Editor
26/03/2023
Share:

 

ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာနိင်ငံသား ၁၀၀ ဝန်းကျင်ကို မြန်မာနိုင်ငံတော်သို့ ပြန်မပို့ရန် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ယမန်နေ့ သောကြာနေ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ထုတ်ပြန်ချက်အရ ထိုင်းလုံခြုံရေးတပ်ဖွဲ့သည် တက်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ မြန်မာနိုင်ငံသားများ ယာယီခိုလုံနေထိုင်သည့်တိုက်ခန်းများကို ဝင်ရောက်စီးနှင်းခဲ့ကာ ကလေးငယ်များအပါအဝင် မြန်မာပြည်သား ၁၀၀ ခန့် ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ သုတေသီ နန်းစိန်က “ထိုင်းအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဖမ်းဆီးရမိထားတဲ့ မြန်မာပြည်သားတွေကို ပြန်ပို့ဖို့မလုပ်ဖို့၊ ပြန်ပို့မယ်ဆိုရင် သူတို့အနေနဲ့ အနှိပ်စက်ခံရမယ်၊ ထောင်ဒဏ်ပေးခံရမယ်၊ သေဒဏ်ထိပါ ချခံရနိုင်ပါတယ်” ဟု Khaosod ထိုင်းသတင်းဌာနကို ပြောပါသည်။

နယ်စပ်ဖြတ်ကျော်ပြီး ရှောင်တိမ်းလာသည့် စစ်ဘေးရှောင်များသည်လည်း ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြပြီး သောင်မတင်ရေမကျ မရေရာသောအခြေအနေ၌ ရှိနေကြသည်ဟုဆိုသည်။

ထိုင်းစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် တက်ခရိုင်၊ မဲဆောက်မြို့နယ် တနေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၂၀၀ ခန့် ယာယီခိုလုံနေသည့် တိုက်ခန်းများကို ဝင်ရောက်စီးနှင်းခဲ့ရာ သေနတ်ကျည်ဆံများ၊ ဆေးဝါးများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်တံဆိပ်များပါ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှောင်တိမ်းထွက်သွားနိုင်ခဲ့ပြီး ကျန်ရှိသော မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။

 


Ref: Khaosod