တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းမှာ Work Permit ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် CI စာအုပ်ထုတ်ပေးမည်

ထိုင်းမှာ Work Permit ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် CI စာအုပ်ထုတ်ပေးမည်

Hsan Loi Editor
13/02/2026
Share:
ထိုင်းနိုင်ငံအစိုးရက ထုတ်ပေးထားတဲ့ Work Permit ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) CI ထုတ်ပေးခြင်းလုပ်ငန်းကို အခုလ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး ဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားသံအရာရှိရုံးက ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် ရရှိစေဖို့ဆိုပြီး မြန်မာ−ထိုင်း အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းကာ CI ထုတ်ပေးရေး စင်တာတွေကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင် နဲ့ ချွန်ဘူရီ တွေမှာ ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။
CI လျှောက်ထားလိုတဲ့ အလုပ်သမားတွေအနေနဲ့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ CI စာအုပ်ဖိုး ကုန်ကျစရိတ် ဘတ် ၂၆၇၀ ပေးသွင်းပြီး မိမိ CI လျှောက်ထားလိုတဲ့ စခန်းအမည်နဲ့ နေ့ရက်တွေကို ရွေးချယ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CI စာအုပ်ဖိုး ပေးသွင်းပြီးပါက 7-Eleven စတိုးဆိုင်တွေမှာ ထုတ်ပေးတဲ့ ပြေစာနဲ့အတူ မိမိ ရွေးချယ်ထားတဲ့ CI စခန်းမှာ သွားရောက်ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
CI လျှောက်ထားရာမှာ ကုန်ကျစရိတ်အဖြစ် ဘတ် ၂၆၇၀ သာကုန်ကျမှာဖြစ်ပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိစေရေး သတိပြုဖို့အသိပေးထားပြီး စခန်းတွေကို အပတ်စဥ် တနင်္လာနေ့တိုင်း နဲ့ မြန်မာသံရုံး(ဘန်ကောက်)မှ ကြေညာတဲ့ ရုံးပိတ်ရက်တွေမှာ CI စခန်းတွေ ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အလုပ်သမားသံရုံးက CI ဖိုး ဘတ် ၂၆၇၀ သာ ကုန်ကျမယ်လို့ ထုတ်ပြန်ထားပေမယ့် တကယ့်အပြင်မှာတော့ ပွဲစားနဲ့မှ လုပ်လို့ရတာဖြစ်ပြီး ပွဲစားတွေက ဘတ် ၆၅၀၀ မှ ဘတ် ၇၀၀၀ ကြား ယူနေကြတာဖြစ်ပြီး 7-Eleven မှာ ငွေသွင်းပြီး ပြေစာရက်ချိန်းယူတာ တိုကင်ကြေးဆိုပြီး ထပ်ပေးနေရတယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။