KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းမှာ နေ့လယ်ခင်း အရက်ရောင်းချခွင့် တားမြစ်ချက် ရုပ်သိမ်းလိုက်ပြီ

ထိုင်းမှာ နေ့လယ်ခင်း အရက်ရောင်းချခွင့် တားမြစ်ချက် ရုပ်သိမ်းလိုက်ပြီ

Hsan Loi Editor
14/11/2025
Share:
ထိုင်းနိုင်ငံရဲ့ အမျိုးသား အရက်မူဝါဒ ကော်မတီက နေ့လယ် ၂ နာရီ မှ ၅ နာရီအတွင်း အရက်ရောင်းချခွင့် တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်က ကျင်းပတဲ့ ကော်မတီအစည်းအဝေးမှာ သဘောတူဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ယခုလို ရုပ်သိမ်းလိုက်တာဟာ နှစ်သစ်ကူးနဲ့ ဆုန်ခရန်သင်္ကြန်လို ခရီးသွားရာသီ ပွဲတော်ကာလတွေမှာ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးတိုးတက်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒုဝန်ကြီးချုပ် မစ္စတာ ဆိုဖွန်ဇာရွန် က ပြောပါတယ်။
May be an image of beer
“နေ့လယ်အရက်ရောင်းခွင့် ပိတ်ပင်မှုကို အစိုးရဝန်ထမ်းများ အလုပ်ချိန်အတွင်း အရက်မသောက်စေရန် လွန်ခဲ့တဲ့ခေတ်က ထုတ်ပြန်ခဲ့တာပါ။ အခုတော့ အဲဒီခေတ်ကုန်သွားပြီ၊ အစိုးရအရာရှိတွေ နေ့လယ်ပိုင်းမှာ အရက်မသောက်ကြတော့ဘူး၊ ယနေ့ခေတ်မှာ အရာရှိတွေ အလုပ်ချိန်အတွင်း အပြင်ထွက် အရက်မသောက်ကြတော့တဲ့အတွက် ဒီပိတ်ပင်မှုကို ရုပ်သိမ်းသင့်ပါတယ်” လို့ ဆိုပါတယ်။
ခရီးသွားလုပ်ငန်းရှင်များက အရက်သောက်သုံးချိန်ကို နံနက် ၄ နာရီအထိ တိုးမြှင့်ပေးရန် တောင်းဆိုထားသော်လည်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆေးပညာရှင်များက နံနက် ၂ နာရီ မှ ၃ နာရီအတွင်း ယာဥ်မတော်တဆ ဖြစ်ပွားသေဆုံးမှု သိသိသာသာ မြင့်တက်လာတဲ့ စာရင်းများနဲ့ ထောက်ပြထားကြပြီး ဒီကိစ္စကို ကော်မတီမှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒုတိယဝန်ကြီးချုပ်က နေ့လယ် ၂ နာရီ မှ ၅ နာရီအထိ ပိတ်ပင်မှုကို အမှန်တကယ် ရုပ်သိမ်းမယ်လို့ အတည်ပြုခဲ့ပြီး အရက်သောက်သုံးခွင့်အချိန်ကို နံနက် ၂ နာရီ သို့မဟုတ် ၄ နာရီအထိ ဆက်တိုးမတိုး ဆိုတာကိုတော့ နောက်ထပ်ဆွေးနွေးမှုတွေပေါ် မူတည်တယ်လို့ ပြောပါတယ်။
ကော်မတီက ဆုံးဖြတ်ချက်ချမှတ်ပြီးတာနဲ့ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူစရာမလိုဘဲ ဝန်ကြီးချုပ်ရုံးမှ တိုက်ရိုက်ထုတ်ပြန်နိုင်ပြီး ကြေညာချက်ကို ပြည်သူရဲ့ ကြားနာမှု ၁၅ ရက် ပြုလုပ်ပြီးတာနဲ့ အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပညာရေးအဖွဲ့အစည်းများနဲ့ သက်ဆိုင်တဲ့ အနီးနားပတ်ဝန်းကျင်မှာ အရက်ရောင်းချခွင့် ဇုန်စည်းမျဉ်းများကိုလည်း ကော်မတီက ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။