ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး မဖြတ်တောက်မီဖေဖော်ဝါရီလ(၄)ရက်က မြန်မာဘက်ခြမ်းရှိ ရွှေကုက္ကိုမြို့(အပေါ်ပုံ)နှင့် ယနေ့ ဖေဖော်ဝါရီလ (၅)ရက် ည ၈ နာရီအချိန်ခန့်က မီးဖြတ်တောက်ပြီးနောက် ရွှေကုက္ကိုမြို့(အောက်ပုံ)၏ ညမြင်ကွင်း ပုံရိပ်ဖြစ်ပါတယ်။
ထိုင်းအစိုးရကတော့ ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတို့ကို ဖြတ်တောက်ရန် အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ထိုင်းကလာတဲ့ သတင်းအရသိရပါတယ်။
ည ၈း၀၀ နာရီ နောက်ဆုံးရိုက်ထားသော ရွှေကုက္ကိုမြို့သည် ယမန်နေ့ညထက် လျှပ်စစ်မီးသုံးစွဲမှုကို ၄၀% လျှော့ကျသွားတယ်လို့ ထိုင်းသတင်းမှာဖော်ပြထားပါတယ်။
