ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းဗီဇာလျှောက်ထားခြင်းအား တစ်ရက်လျှင် လူဦးရေ(၄၀၀)ဦးသာ လက်ခံဆောင်ရွက်ပေးမည်ဟု ထိုင်းသံရုံးထုတ်ပြန်

ထိုင်းဗီဇာလျှောက်ထားခြင်းအား တစ်ရက်လျှင် လူဦးရေ(၄၀၀)ဦးသာ လက်ခံဆောင်ရွက်ပေးမည်ဟု ထိုင်းသံရုံးထုတ်ပြန်

Hsan Loi Editor
15/02/2024
Share:

 

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့ခြင်းကြောင့် တစ်ရက်ထက်တစ်ရက် နိုင်ငံကူးလက်မှတ်(Passport) နှင့် ဗီဇာလျှောက်ထားသူ များပြားလျက်ရှိကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဖေဖော်ဝါရီလ(၁၄)ရက်နေ့က စတင်ပြီး တစ်ရက်လျှင် ဗီဇာလျှောက်ထားသူအရေအတွက် လူဦးရေ(၄၀၀)ဦးသာ လက်ခံဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်ထဲတွင် ဗီဇာလျှောက်ထားသူကိုယ်တိုင် တိုကင်ထုတ်ယူရမည်ဖြစ်ပြီး အလွဲသုံးစားလုပ်ခြင်း(သို့)တိုကင်အတုအပပြုလုပ်ခြင်းများ ပြုလုပ်ပါက (Blacklist) ထဲတွင် ထည့်သွင်းမှတ်တမ်းတင်ထားမည်ဟုဆိုသည်။