အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆီဆိုင်များသို့ မြန်မာနိုင်ငံသားများ သွားရောက်ဆီဖြည့်သူ များပြားလျက်ရှိ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆီဆိုင်များသို့ မြန်မာနိုင်ငံသားများ သွားရောက်ဆီဖြည့်သူ များပြားလျက်ရှိ

Hsan Loi Editor
04/03/2026
Share:
ကရင်ပြည်နယ်၊ မြဝတီမြို့မှ ပြည်သူများသည် ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်ဘက်ရှိ ဆီဆိုင်များသို့ စက်သုံးဆီများ သွားရောက်ဖြည့်တင်းသူ များပြားလျက်ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။
မြဝတီဘက်က ပြည်သူတွေဟာ ခရီးသည်တင် မှန်လုံယာဉ်(Van)များဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ဖြတ်ကျော်ဝင်ရောက်လာကြပြီး မဲဆောက်ရှိ ဆီဆိုင်တွေမှာ တန်းစီကာ ဆီဖြည့်နေကြပြီး မြန်မာကားတွေ သာမက ထိုင်းနိုင်ငံသားပိုင် ကိုယ်ပိုင်ကားတွေနဲ့ ကုန်တင်ကားတွေပါ ဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေကြတယ်လို့ သိရပါတယ်။May be an image of car, jeep, van and text
ထိုင်းအစိုးရအနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scammer)များ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ အသုံး မပြုနိုင်စေဖို့အတွက် မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီ တင်ပို့တာကို တားမြစ်ပိတ်ပင်ထားတာပါ။
သို့ပေမဲ့ မြန်မာနိုင်ငံသားများအနေဖြင့် ကိုယ်ပိုင်ကားတွေနဲ့ လာရောက်ဆီဖြည့်ခြင်းကိုမူ ခွင့်ပြုထား တယ်လို့ သိရပါတယ်။
မြဝတီမြို့ပေါ်က ဆီဆိုင်တွေမှာ စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းချပေးနေပြီး အချို့ဆိုင် တွေမှာတော့ ပိတ်ထားတယ်လို့ သိရပါတယ်။