အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးမှုဖြင့် အလိုရှိတရားခံ ပြေး ၃ ဦးကိုပြန်လည်လွှဲပြောင်းပေး

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးမှုဖြင့် အလိုရှိတရားခံ ပြေး ၃ ဦးကိုပြန်လည်လွှဲပြောင်းပေး

Hsan Loi Editor
15/12/2025
Share:
တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ ၁ ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း CCDAC -Myanmar က ဒီဇင်ဘာ ၁၁ ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) သည် ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr. Phonchana Phongthong(ခ)Toon(ဖွန်းချနာဖုန်းထောင်း(ခ) သွန်း)၊ Mrs.Thanida Puangngern (ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)နှင့် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)တို့ ၃ ဦးအား ကူညီစုံစမ်း ဖော်ထုတ်ဖမ်းဆီးပေးပါရန်တောင်းဆိုမှု အရ မြန်မာအာဏာပိုင်များက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအလိုရှိ တရားခံပြေး ၃ ဦးအားစုံစမ်းဖော် ထုတ်ဖမ်းဆီး ခဲ့မှုအရ နိုဝင်ဘာ ၁၃ ရက်နေ့တွင် Mr. Phonchana Phongthong(ခ)Toon (ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs.Thanida Puangngern (ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)တို့အား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ လည်းကောင်း၊ နိုဝင်ဘာ ၁၄ရက်နေ့တွင် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)အား မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၆ တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား Mr. Chairit Phucharoen(ချရစ်ဖူချရွန်)တို့အားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ကာ နယ်စပ်ဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းသိရသည်။