သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ထိုင်းက ဗျောက်အိုး၊ မီးရူးမီးပန်းတွေ သိမ်းဆည်းတဲ့ဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပြီး ၁၀ ဦးသေ ၁၁၄ ဦး ဒဏ်ရာရ

ထိုင်းက ဗျောက်အိုး၊ မီးရူးမီးပန်းတွေ သိမ်းဆည်းတဲ့ဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပြီး ၁၀ ဦးသေ ၁၁၄ ဦး ဒဏ်ရာရ

Hsan Loi Editor
30/07/2023
Share:

 

ယမန်နေ့မွန်းလွဲပိုင်းတွင် နရာထိဝခရိုင်၊ ဆူနကိုလုပ်မြို့နယ်၊ ဈေးအလယ်၌ရှိသော ဗျောက်အိုး၊ မီးရူးမီးပန်းများ သိမ်းဆည်းရာ ဂိုဒေါင်တခု မတော်တဆ မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ထိုင်းသတင်းများအရ သိရပါသည်။

 

ပေါက်ပွဲမှုကြောင့် သေဆုံးသူ ၁၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၄ ဦး၊ အိမ်အဆောက်အဦး ၁၅၀ ဝန်းကျင်ခန့် ပျက်ဆီးဆုံးရူံးသွားခဲ့သည်ဟု သတင်းများ ထုတ်လွင့်ခဲ့သည်ကို တွေ့ရှိရပါသည်။

 

“ပေါက်ကွဲမှုက ၂ ကီလိုဝန်းကျင်လောက်ထိရောက်ပါတယ်၊ မီးသတ်တပ်ဖွဲ့တွေလာပါတယ်” ဟု ထိုင်းမျက်မြင်ဒေသခံတဦးက ပြောပါသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများ သေဆုံးမှုစာရင်းတွင် မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်မှု ရှိမရှိ မသိရသေးပေ။

 

မကြာသေးမီကလည်း ချင်းမိုင်ခရိုင်၊ လွယ်စကေမြို့နယ်တွင်လည်း မီးရူးမီးပန်းများ ဗျောက်အိုးများ သိမ်းဆည်းထားသည့်နေရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

 

Ref: GMM25 ၊ ข่าวเด่นแดนใต้၊ Tai TV online