နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တော်လှန်ရေး အရှိန်ပိုမိုအားကောင်းဖို့ပအိုဝ်းလူ ငယ်အကယ်ဒမီ (PYA)က PNLA နဲ့ အတူ ပူး‌ပေါင်းပြီး စစ်ကောင်စီကို ‌ တော်လှန်သွားမယ်လို့ထုတ်ပြန် 

တော်လှန်ရေး အရှိန်ပိုမိုအားကောင်းဖို့ပအိုဝ်းလူ ငယ်အကယ်ဒမီ (PYA)က PNLA နဲ့ အတူ ပူး‌ပေါင်းပြီး စစ်ကောင်စီကို ‌ တော်လှန်သွားမယ်လို့ထုတ်ပြန် 

Hsan Loi Editor
08/05/2025
Share:

 

ပအိုဝ်းလူငယ်အကယ်ဒမီ (PYA)ကတော်လှန်ရေး အရှိန်ပိုမိုအားကောင်းဖို့ နဲ့ ဒေသတွင်းစည်းလုံးညီညွတ်မှုကို ကိုပိုမိုအားကောင်းစေဖို့ PNLO/PNLA နဲ့အတူ ပူးပေါင်း ပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ် ။

 

သျှမ်းပြည်တောင်ပိုင်းမှာအခြေစိုက်တဲ့ ပအိုဝ်းလူငယ်အကယ်ဒမီ (PYA)ကို ၂၀၂၄ ခုနှစ်ဧပြီလက တော်လှန် ရေး လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖွဲ့စည်းခဲ့ပြီး မေလ ၃ ရက်နေ့မှာPNLO/PNLA နဲ့အတူ စစ်ကောင်စီကို တော်လှန်သွားမယ်လို့ ထုတ်ပြန် ထားတာပါ ။

 

PYA ဟာ နွေဦးတော်လန်ရေးအတွက် လက်နက် ကိုင်လမ်းစဥ်နဲ့ ပါဝင်လာခဲ့ကြတဲ့ ပအိုဝ်းကျောင်း သားလူငယ်တွေနဲ့ ဒေသတွင်းတက်ကကြွလှုပ်ရှားသူလူငယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ် ။

 

ပအိုဝ်းလူငယ်အကယ်ဒမီ (PYA) ဟာ အခြေခံစစ် သင်တန်း နဲ့ မွမ်းမံ သင်တန်းတွေ ပြီးမြောက်ခဲ့ပြီး Free Burma Ranger နဲ့တွဲဖက်ကာ ရှေ့တန်း ကယ် ဆယ်ရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ် ။

 

PYA အနေနဲ့ PNLO/PNLAအပြင် အခြားတိုင်းရင်းသားညီနောင်မဟာမိတ် အဖွဲ့တွေနဲ့အတူ အာဏာရှင်ကျဆုံးသည့် အထိ ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ချက်အရ သိရပါတယ် ။