အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အသစ်ဖွဲ့စည်း

တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အသစ်ဖွဲ့စည်း

Hsan Loi Editor
17/12/2025
Share:
တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ( Spring Revolution Alliance – SRA) အသစ်ဖွဲ့စည်းကြောင်း ယမန်နေ့ ထုတ်ပြန်ထားပါတယ်။
ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု တစ်ရပ် ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလတုန်းက တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ စတင်ညှိနှိုင်းဆောင်ရွက်ကြပြီး နိုဝင်ဘာလ ပထမ ပတ်မှာ တပ်ဖွဲ့ဝင် ၁၄ ဖွဲ့နဲ့ ကနဦး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီကနေတဆင့် နိုဝင်ဘာလ ၂၁ ရက်နေ့စပြီး တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကို ၃ ရက်တာ ကျင်းပခဲ့ကာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ကို အဖွဲ့ဝင် ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။May be a doodle of text
တပ်ပေါင်းစု ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ ၁၉ ဖွဲ့မှာ 96 Soliders PDF၊ ဗမာ့တပ်တော် BA၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ ချင်းညီနောင်(CB) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF၊ Force For Federal Democracy (FFD)၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF၊ ကလေးဒေသ တော်လှန်ရေးတပ် KRF၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF)၊ မွန်ပြည် တော်လှန်ရေးတပ် MSRF၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA၊ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်- ခမ်းကောင်၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK/PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(Saging PDF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ယောတပ်တော်(YA) ၊ယောကာကွယ်ရေးတပ်(YDF) တို့ပါဝင် ပါတယ်။May be an illustration of text
တပ်ပေါင်းစုအဖွဲ့ဝင်များရဲ့ တော်လှန်ရေး ကတိကဝတ် အချက် ၄ ချက်နဲ့ လက်မှတ်ရေးထိုးကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။
အခုအသစ်ဖွဲ့စည်းလိုက်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှာ တပ်ဖွဲ့ဝင် အင်အား သောင်းဂဏာန်း ရှိတယ်လို့ သိရပါတယ်။