တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

တောမီးလောင်မှုကြောင့် နောင်ချိုမြို့နယ်ရှိ 7th Heaven တိမ်ပင်လယ်စခန်း မီးလောင်မှုဖြစ်ပွား

တောမီးလောင်မှုကြောင့် နောင်ချိုမြို့နယ်ရှိ 7th Heaven တိမ်ပင်လယ်စခန်း မီးလောင်မှုဖြစ်ပွား

Hsan Loi Editor
18/02/2026
Share:
တောမီးကနေတဆင့် သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ 7th Heaven တိမ်ပင်လယ်စခန်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
May be an image of mountain
နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာရှိ ပန်ဘူထားတောင်ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ သတ္တမမြောက်ကောင်းကင်ဘုံ (7th Heaven) တိမ်ပင်လယ်စခန်းဟာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်က တောမီးကနေတဆင့် မီးလောင်မှုကူးစက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
May be an image of fire
“ တောမီးကနေတဆင့် လောင်တာပါ နေ့လည် ၁ နာရီအချိန်ကပေါ့၊ အဲ့ဒီတိမ်ပင်လယ်စခန်းက အိပ်ခန်း ၉ ခန်းလောက် မီးလောင်ပျက်စီးသွားပါတယ်၊ လူထိခိုက်မှုတော့ မရှိပါဘူး“ လို့ ဒေသခံတစ်ဦးထံမှ သိရပါတယ်။
May be an image of fire
အဲ့ဒီ မီးလောင်သွားတဲ့ နေရာမှာ နောင်ချိုတိမ်ပင်လယ်ရဲ့ အလှကြည့်ရှု့ခံစားဖို့ ဖွင့်လှစ်ထားတဲ့ စခန်း တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေ လာရောက်လည်ပတ် စခန်းချ တည်းခိုတဲ့ နေရာလည်းဖြစ်ပါတယ်။
May be an image of fire
အခုလို ပူပြင်းတဲ့ ရာသီရောက်လာတဲ့အခါမှာ နေရာင်အပူကြောင့် မြက်ခြောက်အရွက်ခြောက်မှတဆင့် အလွယ်တကူ မီးလောင်နိုင်သလို လယ်ယာမြေ ရှင်းလင်းဖို့ တောကို မီးရှို့ပြီး မီးမထိန်းနိုင်ပါက တောမီးလောင်မှုဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုကြရန် လိုအပ်လျက်ရှိပါတယ်။May be an image of fire
May be an image of fire