သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ယာဝင်ချိန် ဆောင်းပြောင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူများ ရွာလုံးကျွတ်နီးပါး စစ်‌ ဘေးတိမ်းရှောင်နေရ

တောင်ယာဝင်ချိန် ဆောင်းပြောင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူများ ရွာလုံးကျွတ်နီးပါး စစ်‌ ဘေးတိမ်းရှောင်နေရ

Hsan Loi Editor
25/05/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ ဆောင်းပြောင်း ကျေး ရွာ ဘက်မှာ မိုးရာသီအစပြုလာပြီဖြစ်တာမို့ တောင်ရာစိုက်ခင်းများ စိုက်ပျိုးသည့်အချိန်ဖြစ်တာနှင့်အညီ ယခုတိုက်ပွဲတွေ ပြင်းထန်နေပြီး ဌာနေပြည်သူများ အခက်ကြုံကာ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရလို့ သိရသည်။

 

မေလ တတိယအပတ်ကစပြီး စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွား‌နေပြီးဆောင်းပြောင်းကျေးရွာ အပါအဝင် စင်းတောင်းကျေးအုပ်စုထဲမှာရှိတဲ့ ကျေးရွာများအားလုံးနီးပါး ပင်လောင်းမြို့ပေါ်နှင့် ဘေးလွတ်ရာကျေးရွာများသို့ ထွက်‌ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

 

“ စစ်ပွဲက ပင်လောင်းမြို့နဲ့ ၈မိုင်ခန့်အကွာမှာဖြစ်ပွားတာ၊ ပထမအကြိမ်ဖြစ်တုန်းက ငြိမ်သွားပေမဲ့ ယခုဒုတိယအကြိမ် ပြန်ဖြစ်တာ ၅ ရက် လောက်ရှိပြီ၊ နှစ်ဖက်တပ် တိုက်ပွဲက ပြင်းထန်နေတာ၊ လူနေအိမ်‌ တွေလည်း မီးလောင်တာတွေရှိတယ်၊ စစ်တပ်ဘက် ကလည်း လေကြောင်းတွေနဲ့ အသုံးပြုတိုက်ခိုက်‌နေတယ်” လို့ ပင်လောင်းဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်၊ PNOပြည်သူ့စစ် ပူးပေါင်းအဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်တွေအကြား ယခုရက် ပိုင်း တိုက်ပွဲများပြင်းထန်ကာ နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှုတွေရှိနေကြောင်းသိရပါသည်။