တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး

တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး

Hsan Loi Editor
29/01/2026
Share:
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ဟာ နေပြည်တော်၊ တပ်ကုန်းသို့ သွားရောက်ဖျော်ဖြေရန် တောင်ညိုလမ်းပိုင်းမှာ ကားတိမ်းမှောက်ပြီး ချောက်ထဲကျကာ သေဆုံးသူ ၁၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်အသိပေးထားပါတယ်။
No photo description available.
ဇန်နဝါရီလ ၂၈ ရက် ညနေပိုင်းအချိန်က တောင်တွင်းကြီးမှ ဇာတ်အဖွဲ့တင်ဆောင်လာတဲ့ ကားဟာ နေပြည် တော် တောင်ညိုလမ်းပေါ် ဂွေးချိုကျေးရွာအနီးမှာ ကားတိမ်းမှောက်တာဖြစ်ပြီး ချောက်ထဲ ထိုးကျ သွားကာ ၁၂ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့သိရပါတယ်။No photo description available.
“မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အခင်းဖြစ်ပွားရာနေရာသို့ အမှုဆောင်များ ကိုယ်တိုင်သွား ရောက်ပြီး လိုအပ်တဲ့ ကူညီကယ်ဆယ်မှုများ သွားရောက်ဆောင် ရွက်ပေးခဲ့တယ်” လို့ ထုတ်ပြန်ထားပါတယ်။
May be an image of text
ဇာတ်ကားပေါ်မှာ အဖွဲ့သား ၂၇ ဦးခန့် လိုက်ပါလာတာဖြစ်ပြီး ၁၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေ လည်း များပြားပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။
‘တောင်ညိုလမ်းဘက်က တောင်တက်တောင်ဆင်းနဲ့ အကွေ့အကောက်လည်းများတယ်၊ ပြီးတော့ ဘေးဘယ်ညာလဲ ချောက်နက်ကြီးတွေနဲ့ပါ၊ နောက်လူတွေ သတိထားနိုင်ဖို့ တခြားလမ်းကနေ သွားသင့်ပါတယ်၊ အခုလိုဖြစ်သွားတာ တကယ်စိတ်မကောင်းဖြစ်ရတယ်လို့” တပ်ကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ ဇော်လေးနိုင် ဇာတ်သဘင်ဟာ တပ်ကုန်းမြို့မှာ ယနေ့ ဇန်နဝါရီလ ၂၉ ရက်ညမှာ ကပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။