တောင်ကြီးမြို့ ၊ ပြည်နယ် ဘောလုံးကွင်းပတ်ပတ် လည်ရှိ ဆိုင်ခန်း/တိုက်ခန်းများ၏ မီတာဘောက်များကိုစစ်ကောင်စီက EPC နှင့်ပူးပေါင်း၍ အင်အားသုံးစတင်ဖယ်ရှား ပြီးဖြစ် ကြောင်း တိုက်ခန်းပိုင်ရှင်များထံမှသိရသည်။
” မဖယ်သေးတဲ့ တိုက်ခန်းပိုင်ရှင်တွေ ရှိနေပါသေးတယ် ၊ မနေ့ (မတ်လ၂၀ )ကတော့ စစ်သားတွေ နဲ့ EPC ကဟာတွေလာပြီး မီတာဘောက်တွေဝင်ဖြုတ်ကြပါတယ် အဲ့ဒီအတွက်တိုက်ခန်းပိုင်ရှင်တွေနဲ့ အငြင်းပွား မှုတွေ ရှိနေတယ် စကားများကြတယ် ” ဟု ပစ္စည်းရွှေ့နေသည့် အဆိုပါတိုက်ခန်းအငှားနေသူတစ်ဦးကပြောသည်။
မတ်လ၂၀ ရက်တွင် နောက်ဆုံးထား၍ ပြောင်းရွှေ့ရန်စာထုတ်ထားပြီး ဖြစ်သဖြင့် အကယ်၍ မပြောင်း ရွှေ့ပါက ယနေ့တွင် အင်အားသုံး ဖယ်ရှားခံရနိုင်ကြောင်း ၊ တိုက်ခန်းပိုက်ရှင်များက ပြောင်းရွှေ့ရမည်ကို ပြန်လည် သုံးသပ် ပေးရန်အသနားခံစာတင် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိသက်ဆိုင်ရာက တစ်စုံတစ်ရာတုန့်ပြန်ခြင်းမရှိသေးဟု ဆိုသည်။
” တိုက်ခန်းပိုင်ရှင် တစ်ချို့က သူတို့ကို မူလရောင်းချခဲ့တဲ့ ရတနာထွန်းကုမ္ပဏီကို စာချုပ်ပ်အချက်အ လက်တွေနဲ့ တရားစွဲဆိုသွားဖို့လုပ်နေကြတယ် ” ဟု ၄င်းကပြောသည်။
၂၀၀၁ ခုနှစ်တွင် ရတနာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပြည်နယ် အား/ကာ ဦးစီးဌာနတို့အကြား သဘော တူစာချုပ်ဖြင့် တိုက်ခန်းများကို တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများနှင့် အများပြည်သူများအတွက် နေထိုင်ရန် ရည်ရွယ်ဆောက် လုပ်ခဲ့ခြင်းဖြစ်ကာတိုက်ခန်းများအား ရာသက်ပန်နေထိုင်ခွင့်၊ လွှဲ ပြောင်းရောင်းချခွင့်စသည့် အာမခံချက်များဖြင့် ကြော်ငြာပြီး အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ခြင်းအပေါ် ယုံကြည်၍ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း တိုက်ခန်းနေသူများထံမှသိရသည်။
တိုက်ခန်းပိုင်ရှင်အများစုမှာ အငြိမ်းစားဝန်ထမ်းများဖြစ်ပြီး ၄င်းတို့ကို စစ်ကောင်စီက တိုက်ခန်းများတွင် နေထိုင်ကြသော ဆရာ ၊ ဆရာမ ပင်စင်စားများအတွက် မင်းကျန်စစ်အိမ်ယာ တိုက်ခန်း (သို့မဟုတ်) ဂရမ်ပါသော မြေကွက် တစ်ကွက် ပြန်လည်ရရှိမည် ဖြစ်ပြီး အိုးအိမ်ဌာနမှ (၅) နှစ် စာချုပ်ဖြင့် မင်းကျန်စစ် အိမ်ယာဝန်းအတွင်း တိုက်ခန်းပေါင်း (၆၀) ကို အိမ်ထောင်စု (၆၀) စာ အတွက်အဌားစာချုပ်ဖြင့် ပြန်လည် နေထိုင်ခွင့် ပေးသွားမည် ဟုသိရပြီး အကယ်၍ တိုက်ခန်းတွင် အငှားစာချုပ်ဖြင့် မနေချင်သူများ ငွေကျပ် သိန်း (၅၀) ပေးသွင်းခြင်းဖြင့် ဂရမ်ပါသော မြေကွက်တစ်ကွက် ကိုလည်း ဝယ်ယူနိုင်ရန် စီစဉ်ပေးမည် ဟု သိရသည်။
ဘောလုံးကွင်း တောင်ဘက်ခြမ်း ကားပစ္စည်း ဆိုင်ခန်းများသည် ယခု လုပ်လက်စ ဖြစ်သော ၊ ရွှေညောင်မြို့ ၊ မြို့ရှောင်လမ်းရှိ ကားကြီးကားလေးကွင်းနားတွင် ဆိုင်ခန်း နှစ်ထပ် ရရှိမည် ဖြစ်ပြီး ထိုဆိုင်ခန်းသည် နှစ်ထပ် ဆိုင်ခန်း ဖြစ်ကာ အပေါ်ထပ်တွင်လူနေထိုင်၍ရသလို လုပ်ငန်း ဆောင်ရွက်၍ လည်း ရကြောင်း ၊ရွှေညောင်ကားကြီးကွင်းတွင် ဆိုင်ခန်းပေါင်း (၁၀၇) ခန်း ရှိကြောင်းဆိုထားသည်။

ဘောလုံးကွင်းပတ်လည် ဆိုင်ခန်းရှင် အားလုံး ပူးပေါင်း၍ အသနားခံစာ တင်ပြခြင်းကြောင့် ထိုနေရာများအစားထိုး ပြန်လည် ရရှိခြင်း ဖြစ်သည်။
ဘောလုံးကွင်း တိုက်ခန်းရှိ စားသောက်ဆိုင် တိုက် ခန်းများကို အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း အနီး ရှိဆိုင်ခန်းများကို လည်း မီးပုံးပျံကွင်းဘေး ၊ ဘူတာစျေး အကျော် ၊ တက္ကသိုလ် အားကစား အနီးတွင်ရှိသော မြေနေရာတွင် ဆိုင်ခန်းများကို ဆောက် လုပ်ပေးသွားမည် ဖြစ်ကြောင်း သက် ဆိုင် ရာ၏ ထုတ်ပြန် စာအရသိရသည်။
တောင်ကြီးမြို့၊ပြည်နယ်အားကစားကွင်း ပတ်လည် ဆိုင်ခန်းများ ဖယ်ရှားပေးရန်ပထမအကြိမ် အသိ ပေးခြင်းကို ၂၀၂၅ ဒီဇင်ဘာလ (၃) ရက် ၊ ဒုတိယအကြိမ်မြောက်ကို ၂၀၂၆ ဇန်နဝါရီလ (၅) ရက် ၊ တတိယကြိမ်မြောက်ကို ဖေဖော်ဝါရီ (၂) ရက် ၊ (၃) ကြိမ်တိုင်တိုင်အသိ ပေး အကြောင်းကြားခြင်း ဖြစ်ပြီးယနေ့တွင် မတ်လ ၂၀ တွင် စတင်အင်အားသုံးဖယ်ရှားလာခြင်းဖြစ်သည်။
Photo credit the mountain voice