၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ယနေ့ည ၈း၀၀ နာရီဝန်းကျင်ခန့်က သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ချမ်းသာရပ်ကွက်၊ တရုတ်ဘုံကျောင်းအနောက်ဘက်တွင် အိမ်တအိမ်မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကွက်သူအချို့ထံက သိရသည်။
“ဟုတ်ပါတယ် အိမ်နဲ့နီးပါတယ်” ဟု ဝါးပြားရပ်ကွက်၌ နေထိုင်သူတဦးက ပြောပါသည်။
ပျက်ဆီးဆုံးရူံးမှုနှင့် မီးလောင်ရသည့် အကြောင်းအရင်းကို မသိရသေးပါ။