သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး – ဟိုပုံးသွားလမ်းတွင်ဆိုင်ကယ်လုယူဓါးထိုးခံရမှုဖြစ်ပွား 

တောင်ကြီး – ဟိုပုံးသွားလမ်းတွင်ဆိုင်ကယ်လုယူဓါးထိုးခံရမှုဖြစ်ပွား 

Hsan Loi Editor
28/02/2023
Share:

 

တောင်ကြီး – ဟိုပုံးသွားလမ်းအနီးတွင်ဖေဖော်ဝါရီ (၂၇) နေ့လည်ပိုင်းက အမျိုးသား ၂ ဦး ဆိုင်ကယ်လုခံရပြီးဓါးထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

 

တောင်ကြီး မှ ဟိုပုံးသို့ ဆိုင်ကယ်စီးနင်းလာသူအ မျိုးသား (၂)ဦးသည် အမည်မသိ သူများ၏ ဆိုင်ကယ်လုယူခြင်း ခံရပြီး ဓားနှင့်ပါအထိုးခဲ့ရသောကြောင့် တင်ပါး ၊ ပေါင် နှင့် ခါးတို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းသိရသည် ။

 

တောင်ကြီး ကြက်ခြေနီအသင်းက အခင်းဖြစ်ရာနေရာသို့ သွားရောက်၍ ဓားထိုးခံရသူများ၏ ပြတ်ရှဒဏ်ရာများကို ရှေးဦးပြုစုပေးကာ တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည် ။

 

စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလ တွင် တောင်ကြီးမြို့နယ်အတွင်း ခိုး၊ဆိုး ၊ လု၊ နှိုက်မှုများ လစဥ်လတိုင်းနီးပါး ဖြစ်ပွားလျှက်ရှိပြီးဖမ်းဆီးအရေးယူနိုင်မှုနည်းပါးသောကြောင့်ကျူးလွန်သူ များသည် ပိုမိုအတင့်ရဲလာကြသည် ။