သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး မှာခရီးသည်တင်ယာဥ်လိုင်းတွေ ကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပင် ၊ တွေ့ရှိက အရေးယူမယ်လို့ဆို 

တောင်ကြီး မှာခရီးသည်တင်ယာဥ်လိုင်းတွေ ကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပင် ၊ တွေ့ရှိက အရေးယူမယ်လို့ဆို 

Hsan Loi Editor
15/02/2024
Share:

 

တောင်ကြီး မြို့မှာ ခရီးသည်တင်ယာဥ်လိုင်းတွေ ဖေဖော်ဝါရီ ၁၃ ရင်နေ့က စပြီး ကုန်ပစ္စည်း တင် ဆောင်ခွင့်ပိတ်ပင် လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဌာဆိုင်ရာက စာထုတ်ထားတယ်လို့ သိရပါတယ် ။

 

Station Wagon ၊ Wagon ၊ Probox ၊ Hiace ၊ အန်စာတုံး အမျိုးအစားနဲ့ စင်းလုံးငှား ခရီးသည်တင် ယာဥ်တွေ အနေနဲ့ ကုန်ပစ္စည်း အဆမတန်တင်ဆောင်တဲ့အတွက် လုံခြုံရေး ကျိုးပေါက်လို့ ကန့်သတ်လိုက်တာ ဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ် ။

 

” ဟိုပိတ်ဒီ ပိတ်ဆိုတာ စကစ ကကြောက်လို့လဲပါတာပေါ့ ၊ သူတို့ကလက်နက်တွေသယ်မှာကြောက်တာလေ ကုန်ပစ္စည်း များရင် စစ်ဆေးရေးဂိတ်မှာ အကုန်ဖြည်မစစ် နိုင်ဘူး X ray စက်လိုဟာမျိုးလဲ ဂိတ်တိုင်းမတတ်နိုင်တော့ ဒီနည်း ပဲသူတို့ တတ်နိုင်တယ် ” လို့တောင်ကြီးမြို့က ယာဥ်လိုင်းကားမောင်းသူ တစ်ဦးကဆိုပါတယ် ။

 

ခရီးသည်တင်ယာဉ်လိုင်းတွေဖြစ်တဲ့ Station Wagon / Probox / Hiace / အန်စာတုံး ၊ စင်းလုံးငှား ခရီးသည်တင်ယာဉ် များအနေနဲ့ခရီးသည် တင်ဆောင် ပြေးဆွဲရမယ့် အစား ကုန်ပစ္စည်းတွေ ကို ယာဉ်ရဲ့ အမိုးပေါ်မှာသော် လည်းကောင်း ၊ ယာဉ်ရဲ့အတွင်းမှာသော် လည်းကောင်း အဆမတန် များပြားစွာ တင်ဆောင် ပြေးဆွဲနေတာတွေ ကို စိစစ် တွေ့ရှိရ တယ်လို့ထုတ်ပြန်ချက်တွေအရ သိရပါတယ် ။

 

” ကုန်ပစ္စည်း အများကြီးတင်လာရင် ဂိတ်မှာ ပိုက်ဆံတောင်းတယ် ၊ ၄ မိုင်ဂိတ်ဆိုရင် ၂ ထောင် ၊ ၅ ထောင် ပေးရတယ် မပေးရင် ဟိုပြဒီပြတောင်းကြည့်တယ် အပြည့်အစုံမပါရင် ရစ်တယ် ၊ သူတို့ ကားနားလာတာနဲ့ ပိုက်ဆံသာ ထိုးပေးလိုက် ရင် လွတ်တယ်” လို့ တောင်ကြီးယာဥ်မောင်းက ပြောပါတယ် ။

 

စစ်ကောင်စီက သူတို့ထုတ်ထားတဲ့ စည်ကမ်းလိုက်နာမှု မရှိတဲ့ယာဥ်တွေကို ဖေဖော်ဝါရီလ ၁၃ ကစတင်ပြီး ပူးပေါင်းအဖွဲ့ တွေနဲ့ စစ်ဆေး အရေးယူသွားမယ်လို့ သိရပါတယ် ။

 

ကျူးလွန်တဲ့ မော်တော်ယာဉ် တွေအနေနဲ့ ပထမ အကြိမ် ဒဏ်ငွေ သုံးသောင်းကျပ် (၃၀၀၀၀) ကျပ်၊ ဒုတိယအကြိမ် ဒဏ်ငွေ ငါးသောင်းကျပ် (၅၀၀၀၀) ကျပ် နဲ့ တတိယအကြိမ် ကျူးလွန်ရင် သက်ဆိုင်ရာကိုတင်ပြပြီးယာဉ်အသင်း ခရီးစဉ် ပြေးဆွဲခွင့်ကို သတ်မှတ်တဲ့ကာလအတိုင်း ရပ်နားခြင်း ခံရမှာဖြစ်တယ်လို့စစ်ကောင်စီက ထုတ်ပြန်ထားပါတယ် ။