သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးအနီး ပလီလင်းမှာ ဆီကို ဂါလံပုံးတွေနဲ့မရောင်းပေးလို့ မော်တာ/ရေစုပ်စက် တွေသယ်ပြီး ဆီတန်းစီဝယ်ယူနေရတဲ့အတွက် စိုက်ပျိုးတောင်သူတွေ အခက်ကြုံ

တောင်ကြီးအနီး ပလီလင်းမှာ ဆီကို ဂါလံပုံးတွေနဲ့မရောင်းပေးလို့ မော်တာ/ရေစုပ်စက် တွေသယ်ပြီး ဆီတန်းစီဝယ်ယူနေရတဲ့အတွက် စိုက်ပျိုးတောင်သူတွေ အခက်ကြုံ

Hsan Loi Editor
04/04/2026
Share:
သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီး ပလီလင်းကျေးရွာဘက်မှာ စက်သုံးဆီများကို ဘူး/ဂါလံပုံးတွေနဲ့ မရောင်းပေးလို့ မော်တာ၊ ရေစုပ်စက်၊ မီးစက်တွေ သယ်ဆောင်လာပြီး ဆီဆိုင်မှာ ဆီတန်းစီဝယ်ယူနေရတဲ့အတွက် စိုက်ပျိုးတောင်သူတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
May be an image of motorcycle, scooter and text
“ ပုံးတွေနဲ့ မရောင်းပေးဘူး၊ စက်ပါမှ ရောင်းပေးမယ်ဆိုလို့ ရွာကလူတွေ ရေတင်စက်တွေ မီးစက်တွေ သယ်လာကြတာ၊ ဆိုင်ကယ်နဲ့ဆို ၄ ဘူးမဆန့်လို့ စက်တွေသယ်လာပြီး ဆီလာထည့်ကြတာ၊ တစ်ပတ်မှာ ၂ ခါပဲ ထုတ်ရတာမလို့၊ အလုပ်တော့ ပိုရှုပ်ရတာပေါ့ဗျာ” လို့ ကိုယ်တိုင်ဆီသွားတန်းသူ တောင်သူ တစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
အခုချိန်မှာ ကုန်စိမ်းခြံ စိုက်ပျိုးတဲ့သူတွေအနေနဲ့ ၎င်းတို့ရဲ့ စိုက်ခင်းခြံမှာ လိုအပ်တဲ့ ရေပေးဝေဖို့အတွက် စက်ကို ခုတ်မောင်းရန် ဆီဝယ်ရခက်ခဲနေတယ်လို့ သိရပါတယ်။May be an image of motorcycle, golf cart, jet ski, scooter and text that says 'าว っta G 67105 7105'
“ တကယ်တော့ တောင်သူဘဝတွေက ခက်ခဲပါတယ်ဗျာ၊ ဒီလိုတွေ ဆီတန်းစီပြီး မဝယ်ရင် စိုက်ခင်းထဲက အပင်တွေလည်း ပျက်စီးကုန်တော့မယ်လေ၊ မနေ့က ဓါတ်ဆီ ၁ လီတာကို ၄၇၂၅ ကျပ်နဲ့ ဝယ်ရတယ်” လို့ သူကဆက်ပြောပါတယ်။
အလားတူ ရွှေညောင်ဖက်မှာလည်း လယ်ယာသုံး ထွန်စက်အကြီးတွေ ရာကျော် ဆီတန်းစီ နေရတယ်လို့ သိရပါတယ်။