သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမှာ အမျိုးသမီး အုပ်စုဖွဲ့ အလစ်သုတ် ခိုးယူမှုဖြစ်ပွား

တောင်ကြီးမှာ အမျိုးသမီး အုပ်စုဖွဲ့ အလစ်သုတ် ခိုးယူမှုဖြစ်ပွား

Hsan Loi Editor
14/10/2025
Share:
တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ် ၊ မဟာသုခလမ်းသွယ် ၂ မှာရှိတဲ့Family House စားသောက်ဆိုင်မှာ ဒီနေ့မနက်က ပိုက်ဆံအိတ်အလစ်သုတ်ခိုးယူမှုဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။
” ရေတောင်းသောက်လို့ ရေသွားခပ်ပေးတုန်းဘီရို အောက်က ပိုက်ဆံအိတ်နှိုက်ပြေးသွားတာဆိုင်မှာ ဆရာတော်တရားဖွင့်ထားတဲ့ လက်တော့ပ်ကို ဖြုတ်မလို့ လုပ်သေးတယ်။မပိတ်တတ် တော့ အသံထွက်ပြီး ဘီရို အံဆွဲအောက်က ပိုက်ဆံအိတ်ကို ခဏချင်းယူသွားတာပါ ” လို့ ကာယာကံရှင်ကပြောပါတယ်။
ဆိုင်ပိုင်ရှင်က ပိုက်ဆံအိတ်မရှိတော့မှန်းရိပ်မိပြီး လမ်းထိပ်သို့ ချက်ခြင်း‌လိုက် ကာပိုက်ဆံအိတ်ပြန်လည်ရရှိခဲဲ့ တယ်လို့ သိရပါတယ်။
“ ဈေးဝယ်မယ့်ပိုက်ဆံတွေ၊ဘဏ်ကဒ်၊မှတ်ပုံတင်နဲ့ ဖုန်းတွေပါသွားတာမို့စောစောသိလိုက်တာ ကံအလွန်ကောင်းသွားတယ်၊ သူ့အဖော်နှစ်ယောက်က အသက်ကြီးကြီးတွေ။ကိုယ့်လိုဆိုင်ရှင်တွေ မခံရအောင်ဓါတ်ပုံရိုက်တော့” ခင်ဗျားပိုက်ဆံအိတ် ပြန်ပေးပြီးပြီလေ ဘာလုပ်တာလဲ” ဆိုပြီး ပြန်ဖြဲသေးတာ ” လို့ ဆိုပါတယ်။May be an image of one or more people and street
ပိုက်ဆံအိတ် အလစ်သုတ်ခိုးယူသူ အမျိုးသမီးငယ်ဟာ အသက် ၂၀ ဝန်းကျင်အရွယ် ရှိပြီး လမ်းထိပ်မှာ စောင့် နေတဲ့အဖော်ဖြစ်သူအမျိုးသမီး ၂ ဦးဟာ အ သက်ကြီးကြီး အရွယ် ရှိတယ်လို့သိရပြီးဆိုင်ပိုင်ရှင်ကကျူးလွန်သူ အမျိုးသမီးတွေကို ရဲလက်အပ်အမှုဖွင့်ခြင်းမျိုးမရှိပဲ အများပြည်သူသတိထား နိုင်ဖို့ ဓါတ်ပုံပဲ ရိုက်ယူခဲ့တယ်လို့ သိရပါတယ်။May be an image of text
“ တောင်ကြီး တန်ဆောင်တိုင်နားနီးရင် ဒီလိုလုပ်စားတွေ ပေါ်လာပြီ ရောက်လာတတ်ကြပြီ ပွဲတော်ကာလလဲ လူလိမ်တွေ သူခိုးတွေနည်းလမ်းအမျိုးမျိုး နဲ့ လာတတ်တယ် သတိထားကြရမှာပါ မြို့ခံတွေချည်းမဟုတ်ပဲ ဧည့်သည်တွေပါ သတိထားရှိပါ ” လို့ တောင်ကြီး မြို့ခံတစ်ဦးကသတိပေးပြောဆိုပါတယ်။
တောင်ကြီး မြို့ပေါ်မှာ ခိုးဆိုးလုနှိုက်များယခုနှစ်ပိုင်းထဲ ခပ်စိပ်စိပ် မကြာခဏဖြစ်ပွားလာပြီး တန်ဆောင်တိုင်ပွဲ တော်အကြိုကာလနဲ့ ပွဲတော်ရက်အတွင်းမှာလည်း အနယ်နယ်အရပ်ရပ်က လူလိမ် လူကောက်များ လာရောက်စုဝေး လုပ်စား တတ်လို့ မြို့ခံတွေက သတိပေးကြပါတယ်။