တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးမှာ ပျောက်ဆုံးနေတဲ့ G-10 ကျောင်းသား သေဆုံးလျက်ပြန်တွေ့

တောင်ကြီးမှာ ပျောက်ဆုံးနေတဲ့ G-10 ကျောင်းသား သေဆုံးလျက်ပြန်တွေ့

Hsan Loi Editor
03/01/2026
Share:
သျှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမှာ ပြီးခဲ့တဲ့ အပတ်က ပျောက်ဆုံးသွားတဲ့ Grade-10 ကျောင်းသား သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူထံမှသိရပါတယ်။
အဆိုပါ ကျောင်းသားဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက နေအိမ်မှ ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားကာ အိမ်သို့ ပြန်ရောက်မလာဘဲ ၆ ရက်အကြာမှာ ဘုရားဖြူဘက်က ချောက်တခုထဲမှာ သေဆုံးလျက် ပြန်တွေ့တယ်လို့ သိရပါတယ်။
May be an image of one or more people, wingtip shoes and suit
သေဆုံးသူဟာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်မှာ နေထိုင်တဲ့ မောင်အနဂ္ဂရဲထက် (ခ) စိုင်း A ဖြစ်ပြီး တောင်ကြီး အထက(၄)ကျောင်းမှ G-10 ကျောင်းသားဖြစ်ကာ သေဆုံးချိန်မှာ အသက် ၁၆ နှစ်အရွယ် သာ ရှိသေးတယ်လို့ သိရပါတယ်။May be an image of text
မောင်အနဂ္ဂရဲထက် ရဲ့ နာရေးကို ဒီကနေ့ မွန်းလွဲပိုင်းက သင်္ခါရသုဿန် သို့ ပို့ဆောင်မီးသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ဟာ စစ်ကော်မရှင်တပ်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မြို့ဖြစ်သလို မြို့ပတ် ပတ်လည်မှာလဲ စစ်တပ်နဲ့ PNO တို့ လုံခြုံရေးတင်းကြပ်ထားပေမယ့် ယခုလို လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး ခိုးဆိုးလုယက်မှုတွေလည်း မကြာခဏဖြစ်ပွားကာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ မြို့တစ်မြို့လိုဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။