ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

တောင်ကြီးမှာ ချယ်ရီပန်းမခူးဖို့ သစ်ပင်ချစ်သူများတောင်းဆို

တောင်ကြီးမှာ ချယ်ရီပန်းမခူးဖို့ သစ်ပင်ချစ်သူများတောင်းဆို

Hsan Loi Editor
27/12/2025
Share:
တောင်ကြီးမြို့နယ်တစ်ဝိုက်မှာ ယခု ဒီဇင်ဘာလနောက်ဆုံးပါတ်ထဲ ချယ်ရီပန်းများစတင် ပွင့်ဖူးလာတဲ့အတွက်တောင်ကြီးသစ်ပင်ချစ်သူများ အဖွဲ့က ချယ်ရီပန်းတွေ မခူးဖို့ သတိပေး ဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူနေတယ်လို့ သိရပါတယ်။
May be an image of scooter and motorcycle
” ချယ်ရီတွေတော်တော်မျိုးတုံးကုန်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် လောက်က ဆိုရင် တောင်ကြီး မြစိမ်းတောင် ရွှေဘုန်းပွင့် တစ်တောင်လုံး လမ်းဘေးဆိုလဲ ချယ်ရီလမ်း အဲ့သလောက်ကို ပွင့်တဲ့ ချယ်ရီမြို့ပါ လူတွေကနောက်ပိုင်း အပင်ခုတ်တော့ မျိုးတုံးလာကြတယ် ၊ထိန်းသိမ်းဖို့လိုတယ် စိုက်ပျိုး ဖို့လိုတယ်။ရှားပါးလာတဲ့ မရှိမဲ့ရှိမဲ့ ချယ်ရီပန်း ကိုမခူးကြဖို့ မေတ္တာရပ်ခံ ပါတယ်” လို့ တောင်ကြီး သစ်ပင်ချစ်သူတစ်ဦးကပြောပါတယ်။
May be an image of slow loris and tree
ယခု ရက်ပိုင်းအတွင်း တောင်ကြီး ရွှေဘုန်းပွင့် ဘုရားတောင်တက်လမ်းတစ်လျှောက် ချယ်ရီပန်းများစတင် ဖူးငုံလာပြီး ယခင်နှစ်တွေထက် ချယ်ရီစောပွင့် တယ်လို့ သိရပါတယ်။
May be an image of stone-fruit tree, Adenium and jacaranda
ဒါ့ကြောင့် ချယ်ရီပန်းပင်စတင်ပွင့်လာချိန်မှာ ချယ်ရီပန်းကို ခူးခြင်း၊ ခုတ်ရောင်းခြင်းတွေ မပြုလုပ်ဖို့ ကိုလည်း တောင်ကြီး သစ်ပင်ချစ်သူများအဖွဲ့ကတောင်းဆိုထားပါတယ်။
May be an image of stone-fruit tree
ချယ်ရီပန်းတွေဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၃၀၀၀ နဲ့ ပေ ၄၀၀၀ ကျော် ရှိတဲ့ တောင် ပေါ်ဒေသတွေမှာသာပွင့် တဲ့အအေးကြိုက် တောင်ပေါ်ပန်းတစ်မျိုးဖြစ်ပြီး မြေပြန့်ဒေသတွေမှာ ရှင်သန်ပေါက်ရောက်နိုင်ခြင်း မရှိတဲ့ပန်းတစ်မျိုးဖြစ်ပါတယ် ။