တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး

Hsan Loi Editor
15/02/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကားအရောင်းအဝယ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ဟာ ကားသွားပြရင်း ကားလုခံရပြီး ဓါးနဲ့ပါအထိုးခံရတဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နေ့လည်ပိုင်းခန့်မှာ အေးသာယာမြို့တွင် နေထိုင်သော ကားအရောင်းအဝယ်လုပ်သူထံ လူတစ်ဦးက ကားဝယ်ဖို့ဆိုပြီး ကားလာကြည့်သွားပါတယ်။ အဲ့ဒီနောက် ထိုသူကပဲ ကားကြိုက်တယ် ငွေချေမယ်လို့ဆိုပြီး ကားပိုင်ရှင်ကို ဟဲဟိုးမြို့တွင် ငွေသားလိုက်ယူရန် ခေါ်ဆောင်သွားကာ လမ်းတစ်ဝက်အရောက်တွင် ဓားဖြင့်ထိုးပြီး ကားလုယက်သွားခြင်း ဖြစ်ပါတယ်။
ကားပေါ်တွင် လိုက်ပါသွားသူ ကားပိုင်ရှင်နဲ့သူ့အကိုဖြစ်သူက ဟဲဟိုးမြို့သို့ ကားလုခံရပြီး ဓါးနဲ့ပါ အထိုးခံရတဲ့အတွက် ဆေးရုံသို့ ပို့ဆောင်စဥ်မှာ သေဆုံးသွားတယ်လို့ သေဆုံးသွားသူနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ တောင်ကြီးမြို့နေ သက်မော်ထူး ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်သာရှိသေးတယ်လို့ သိရပါတယ်။
အခု ကားလုပြီး ထွက်ပြေးသွားတဲ့ လူကိုတော့ ဖမ်းမိထားပြီလို့ ကားဝယ်ရောင်းလုပ်တဲ့ အသိုင်းအဝိုင်းများထံမှ သိရပါတယ်။