သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမှာအထက်တန်းကျောင်းသား ရည်းစား နဲ့ချိန်းတွေ့ရာမှ ဓါးပြတိုက်ခံရ 

တောင်ကြီးမှာအထက်တန်းကျောင်းသား ရည်းစား နဲ့ချိန်းတွေ့ရာမှ ဓါးပြတိုက်ခံရ 

Hsan Loi Editor
17/12/2024
Share:

 

တောင်ကြီး မြို့ ကံကြီးရပ်မှာရှိတဲ့ ထင်းရှူးတော မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အထက်တန်းကျောင်းသား/သူ စုံတွဲ တစ်တွဲ ဓါးပြတိုက်ခံရ တယ်လို့ မြို့ခံသတင်းရင်းမြစ် ဆီကသိရပါတယ် ။

 

” ဆယ်တန်း ကျောင်းသား/သူတွေပါ ၊ သူတို့ ၂ ယောက်ကို ကြိုးနဲ့တုတ်ခဲ့ပြီး ဆိုင်ကယ် ကလစ်ဘီး နဲ့ ဖုန်းယူသွားတယ် ၊ လူကိုတော့ ဘာမှ မလုပ်သွားတာကံကောင်း တယ် ၊ အဲ့ဒီထင်းရှူးတောကအရင်ကတည်းက လုယက်မှု ဓါးပြမှု တွေ နာမည်ကြီး တယ် ” လို့ ကာယာကံ ရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ် ။

 

အမည်မသိအမျိုးသား ၃ ဦးဟာ အဲ့ဒီကျောင်းသား/သူစုံတွဲကို ကျောချင်းကပ် ကြိုးတုတ်ထားခဲ့ပြီး ကျောင်း သား ရဲ့Click ယိုးဒယားဆိုင်ကယ် အမျိုးအစားနဲ့ ဖုန်းကို လုယူသွားခဲ့တာလို့ ဆိုပါတယ် ။

 

ကြိုးတုတ်ခံထားရတဲ့ကျောင်းသား/သူတွေဟာ ပတ် ဝန်း ကျင် ကိုအော်ဟစ်အကူညီတောင်းခဲ့တဲ့အတွက် လမ်းသွားလမ်းလာ တွေနဲ့ တွေ့ပြီးလွတ် မြောက်လာခဲ့တယ်လို့ သိရပါတယ် ။

 

” အဲ့ဒီထင်ရှူးတောဟာ ထင်ရှူးပင်တွေနဲ့ သာယာလှပတော့ pre wedding လာရိုက်တဲ့ သူတွေ နဲ့ ဓါတ်ပုံလာရိုက်တဲ့သူတွေတော့ တစ်ခါတလေရှိတာပေါ့ ဒါပေမဲ့ လူပြတ်တာများတယ် ၊ သမီးရည်းစားတွေလာချိန်းတွေ့ ရင် ဆိုင်ကယ်နဲ့ ဖုန်းတွေ ပိုက်ဆံ အိတ်တွေအလုခံရတာ များတယ် ” လို့ ကံကြီးရပ်မြို့ခံတစ်ဦးကပြောပါတယ် ။

 

ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက် မဟုတ်တဲ့ကြားရက်တွေမှာလူပြက်ပြီးအသွားအလာကျဲတဲ့အတွက် လာရောက်ချိန်းတွေ့ကြတဲ့လူငယ်စုံတွဲတွေများပြီး ဆိုင်ကယ် နဲ့ ဖုန်း၊ ပိုက်ဆံအိတ် ဓါးထောက်လုယက်မှု ၊ ဓားပြမှုတွေမကြာခဏ ဖြစ်ပွားနေတာပါ ။

 

အခုလိုဖြစ်စဥ်မျိုး မကြာခဏဖြစ်ပွားလေ့ရှိပေမဲ့နှစ်နာသူတွေဟာအမှုဖွင့်တိုင်တန်းတာမျိုးမရှိကြသလို ကျူး လွန် သူတွေကိုလည်း ဒီနေ့အထိ ဖမ်း ဆီးရမိခြင်းမရှိသေးဘူးလို့ မြို့ခံတွေဆီကသိရှိရပါတယ် ။

 

Photo – credit original uploader (ကံကြီးထင်းရှူးတော )