KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်းပတ် ပတ်လည်ဆိုင်ခန်းနှင့်တိုက်တန်းများ ဖယ်ရှားရှင်းလင်းမည်

တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်းပတ် ပတ်လည်ဆိုင်ခန်းနှင့်တိုက်တန်းများ ဖယ်ရှားရှင်းလင်းမည်

Hsan Loi Editor
05/12/2025
Share:
တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းပတ်ပတ် လည်ရှိဆိုင်ခန်းနှင့်တိုက်တန်း များ ဖယ်ရှားပေးရန် ဒီဇင်ဘာ ၃ ရက်နေ့ရက်စွဲဖြင့် ဆိုင်ခန်း ပိုင်ရှင်များထံအသိပေးစာများရောက်ရှိလာကြောင်းသိရသည်။
” အားချင်းလုပ်စေချင် တဲ့သဘော ခုဟာက ဘယ်နေ့နောက် ဆုံးထားဖယ်ရမလဲတော့အတိအကျ မသိပေမဲ့ ဒီဇင်ဘာကစပြီးအခန်းခတွေ မကောက်တော့ဘူးလို့ သိရတယ် ၊ တစ်ချို့ဆိုင်တွေဆို ၆ လတောင်မပြည့်သေးဘူးဖွင့်ထားတာ တစ်ချို့တွေလဲ ကြိုသိလို့ ရှောင်ထားကြတဲ့ တွေ လဲရှိတယ်ဒါပေမဲ့ နည်းတယ်လ ” ဟု ဘောလုံးကွင်းတိုက်တန်း ဆိုင်ခန်းတွေထဲက ဝန်ထမ်းတစ်ဦးက ပြောသည်။May be an image of ticket stub and text that says 'တာအမှတ်၊ ကှန်းမြ တောင်ကြီးမြိုး တောင် သို့ မြည်နိယသ်သ်မရနရကုပညန်ွးကးက ရှမ်း ပြည် နယ် တောင် ကြီး မြို့ စာအမှတ်၊၁၀၀၅ /ကရ-ဆခ/ရပန် (๑คอ. ရက် စွဲ၊၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ စွဲ၊၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ ၃ ရက် အကြောင်းအရာ။ ဆိုင်ခန်း/တိုက်ခန်းများ ဖယ်ရှားရှင်းလင်းရန်ကိစ္စ ၁။ အထက်အကြောင်းအရာါကစ္စနှင့်ပတ်သ ရှမ်းပြည်နယ်အားကအေးကွင်းပတ်လည် တွင် တည်ဆောက်ထားသော ဆိုင်ခန်း/တိုက်ခန်းများနေရာတွင် နိုင်ငံတကာအဆင့်မီအားကစား ကွင်း/အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာ( Youth Center )များ တည်ဆောက် သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်အားကားနှင့်ကာယညာီီ ဘောလုံးကွင်းပတ်လည်ရှိ ဦီးစီးဌာနမြေဖေါ်တွင် ငှားရမ်းထားသော ဆိုင်ခန်း/တိုက်ခန်းများအား ဆက်လက်ငှားရမ်းခြင်း မပြုလုပ်တော့ပါကြောင်းနှင့် ၁ ၂၀၂၅ ရက်နေ့မှစ၍ ဆိုင်ခန်း/တိုက်ခန်းလစာငွေများ ကောက်ခံခြင်းမပြုတော့ပါသဖြင့် တော့ပါသဖြင့် ဆိုင်ခန်း/တိုက်ခန်းများ ဖယ်ရှားနိုင်ရေးအတွက် အသိပေးအကြောင်းကြားပါသည်။ ညွန်ကြားရေးမှူး(ကိုယ်စား) ကျော်သူဆွေ I ဒုတိယညွှန်ကြားရေးမှူး ဒုတိယညွန် ကြားရေးမှူး မိတ္တူကို ဖွဲ့၊တောင်ကြီးမြို့'
တောင်ကြီးမြို့၊ ဘော်လုံးကွင်း သည် ရှမ်းပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာန ၊ ဦးစီးဌာန ပိုင်မြေနေရာ ဖြစ်ပြီး၊ ထိုဘော်လုံးကွင်း ပတ်လည်ရှိ ဆိုင်ခန်းများကို အားကာထံမှ ငှားရမ်း ဖွင့်လှစ်ရခြင်း ဖြစ်သည်ဟုဆိုသည်။
တောင်ကြီးမြို့ ပြည်နယ်အား ကစားကွင်းပတ်ပတ် လည်ရှိဆိုင်ခန်းများကို ဒီဇင်ဘာ ၁ ရက်နေ့မှကစ ပြီးဆိုင်ခန်းခငွေများ ကောက်ခံခြင်း မပြုတော့ဘဲ ဆိုင်ခန်း၊တိုက်ခန်းများ အားချင်း ဖယ်ရှားရန်သာ ဖိအားပေးထာကြောင်း သိရသည်။
ဘောလုံးကွင်းပတ်ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/တိုက်တန်းများနေရာတွင် နိုင်ငံ တကာအဆင့်မီ အားကစားကွင်း ၊ အားကစားရုံ နှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာ Youth Center များ တည်ဆောက်သွားမည် ဖြစ် ကြောင်း အသိပေးစာအရသိရသည်။
ဆိုပါ စီမံကိန်း ကို ရုရှားနိုင်ငံ၏ နည်းပညာ အကူ အညီဖြင့်တည်ဆောက်သွားမည်ဖြစ်ပြီး၄င်း စီမံ ကိန်းအကောင်ထည်ဖော် ဆောက်လုပ်ခွင့်ရ ပုဂ္ဂိုလ်သည် နိုင်ငံတော်အကြီးအကဲ၏ မိသားစုဝင်ဖြစ်သူထဲတစ်ဦး ဖြစ်သည်ဟုလည်းသတင်းများထွက်ပေါ်နေသည်။