သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့ ထွန်းဆေးရုံရောက် စိုင်းကန္တီ ဆေးကုသစရိတ် လိုအပ်နေ 

တောင်ကြီးမြို့ ထွန်းဆေးရုံရောက် စိုင်းကန္တီ ဆေးကုသစရိတ် လိုအပ်နေ 

Hsan Loi Editor
16/02/2023
Share:

 

တန့်ယန်းမြို့ နမ့်စ◌ျန်ရွာမှ စိုင်းကန္တီ အသက် ၃၄ နှစ်သည် အသဲ၌ အကျိတ်တည်နေပြီး အကျိတ်ပါရဂူနှင့် ကုသရန် ထွန်းဆေးရုံ၌ စောင့်နေရကြောင်း အရပ်ဖက်အဖွဲ့အစည်းအချို့ထံမှတဆင့် ယနေ့ သိရပါသည်။

 

စိုင်းကန္တီအနေနှင့် ဗမာစကားမပြောတတ်ခြင်း၊ သူတဦးတည်းသာ ဖုန်းလက်ခံပြောဆိုနိုင်ခြင်းတို့ကြောင့် အခက်အခဲ ရှိနေကြောင်း ပြောပါသည်။

 

မိုင်းရူးမြို့နယ်မှ စက်ချုပ်သူတဦး၏အကူအညီနှင့် တောင်ကြီးမြို့တော် ထွန်းဆေးရုံ (ပုဂ္ဂလိကဆေးရုံ) သို့ ရောက်ရှိလာကြောင်း သိရပါသည်။

 

လာပို့သူကလည်း အချိန်မပေးနိုင်သဖြင့် လူမှုကူညီရေးအသင်းအဖွဲ့ကားနှင့် ယနေ့ နေရပ်ပြန်မည်ဟု သိရပါသည်။

 

တောင်ကြီးမြို့နေ ရပ်မိရပ်ဖများ စေတနာရှင်များနေနှင့် တတ်နိုင်သမျှ ငွေကြေးလှူဒါန်းပေးရန်နှင့် စိုင်းကန္တီကို သွားရောက်တွေ့ဆုံရန် အရပ်ဖက် အဖွဲ့အစည်းတခု၏ တာဝန်ခံမှ Hsan Loi Voice သို့ ပြောကြားလာပါသည်။