သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့ ကံကြီးရပ်မှာ Happy Water တွေဖမ်းဆီးရမိ

တောင်ကြီးမြို့ ကံကြီးရပ်မှာ Happy Water တွေဖမ်းဆီးရမိ

Hsan Loi Editor
11/01/2025
Share:

 

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရေခြံလမ်းက နေအိမ်တစ်ခုမှာ ငွေကျပ် ၂၁၂၆.၈၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water တွေဖမ်းဆီးရမိတယ်လို့ CCDAC MYANMAR ကဖော်ပြချက်အရသိရပါတယ် ။

 

ဇန်နဝါရီ ၉ ရက်နေ့ကရေခြံလမ်းထဲက နေအိမ်တစ်ခုမှာ ပူးပေါင်းတပ်ဖွဲ့တွေသတင်းအရ ၀င်ရောက်ရှာဖွေခဲ့ပြီးအသက် ၃၄ နှစ် အရွယ်အမျိုးသားတစ်ဦး ထံက စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၉၃၃၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁၂၆.၈၅ သိန်း)၊ မြန်မာငွေကျပ်သိန်း ၂၉၀ နဲ့ မော် တော်ယာဉ် ၇ စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ် ။

 

မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးရမိတဲ့ အမျိုးသားကို လက်ရှိတောင်ကြီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ် ။