သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပေါ် အုတ်တံတိုင်းပြိုကျ

တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပေါ် အုတ်တံတိုင်းပြိုကျ

Hsan Loi Editor
03/09/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်တွင် ယမန်နေ့ ဩဂုတ်လ (၂) ရက်နေ့ ည (၁၀) နာရီခွဲခန့်၌ လူနေအိမ်ပေါ် အုတ်တံတားပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်အရ ယမန်နေ့ညပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေအိကျလာကာ အုတ်ဖိုဘုန်းကြီးကျောင်းမှ အုတ်တံတိုင်းပြိုကျပြီး လူနေအိမ်ပေါ် ကျခဲ့သည်။ အုတ်တံတိုင်းပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူရှိပြီး တောင်ကြီးမြို့နယ် ကြက်ခြေနီ အသင်းဝင် စေတနာ့လုပ်အားရှင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ရှေးဦးပြုစုပေးခြင်း ၊ တောင်ကြီးမြို့နယ်အသင်းခွဲပိုင်လူနာတင်ယာဉ်ဖြင့် စဝ်စံထွန်းဆေးရုံသို့ အခမဲ့ ကူညီ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။