သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ သစ်တောရပ်ကွက်အပေါ်ဖက် တောင်ချွန်းတောင်တွင် ယမန်နေ့ မတ်လ ၁၄ ရက် ညပိုင်းက တောမီး လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိပေမယ့် ပူပြင်းခြောက်သွေ့လာတဲ့ ယခုလိုနွေရာသီမှာ မီးဘေးအန္တရာယ် အထူးသတိပြုဖို့ လိုတယ်လို့ မြို့ခံတွေကပြောပါတယ်။
