သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့နယ် ဖာမွန်း တွင် မီးပုံးပျံယမ်းပေါက် ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ အမျိုးသား၂ဦးဒဏ်ရာရ

တောင်ကြီးမြို့နယ် ဖာမွန်း တွင် မီးပုံးပျံယမ်းပေါက် ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ အမျိုးသား၂ဦးဒဏ်ရာရ

Hsan Loi Editor
28/10/2025
Share:
တောင်ကြီးမြိုနယ် မှာ ဒီကနေ့ အောက်တိုဘာလ ၂၈ရက်၊ မနက်၉ နာရီအချိန်ခန့်ကမီးပုံးပျံ ယမ်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသား ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရပါတယ် ။
No photo description available.
ဖါမွန်းကျေးရွာ အုပ်စု၊ ကောင်ရွေးရွာ မှာမီးပုံးပျံ ယမ်းမီးပေါက် ကွဲမှုကြောင့် နေအိမ်တစ်လုံး မီး လောင် ပျက်စီးပြီးအမျိုး သမီးတစ်ဦး သေဆုံး၊ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီကယ်ဆယ်ခဲ့တဲ့ ကြက်ခြေနီ အဖွဲ့တွေဆီက သိရပါတယ် ။No photo description available.
မှာလွတ်တင်မယ့် မီးကြီး မီးပုံးပျံ အမျိုးအစားဟာ ယမ်းမီးများကို အခြေခံပြီးပြုလုပ်ရတဲ့ အမျိုးအစားဖြစ်တဲ့အလျှောက် လူနေအိမ် ရပ်ကွက်တွင်းမှာ ‌မပြုလုပ်သင့်ပဲ ပေါက်ကွဲလွယ်တဲ့အရာ ယမ်းကိုင် တွယ်သူ၊ မီးရှူး မီးပန်းလုပ်သူများ မပေါ့ဆကြဖို့အတွေ့ကြုံရှိသူ မြို့ခံများကသတိပေးထားပါတယ် ။
No photo description available.
တောင်ကြီး တန်ဆောင်တိုင်ပွဲ တော် ကာလမှာ လူနေအိမ်မီးလောင်ခြင်း သို့မဟုတ် ယမ်းပြုလုပ်သူတွေ ထိခိုက်သေဆုံးခြင်း ပွဲလည်ပတ်သူများထဲက ယမ်းမီးထိမှန်သေဆုံးခြင်းတွေတစ်ခုမဟုတ်တစ်ခု ဖြစ်ပွားလေ့ရှိယ်လို့ မြို့ခံတွေဆီကသိရ ပါတယ် ။