သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးမှု စတင်ပြုလုပ်နေဟုဆို

တောင်ကြီးမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးမှု စတင်ပြုလုပ်နေဟုဆို

Hsan Loi Editor
30/10/2024
Share:

 

သျှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့၌ ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့က စတင်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် စည်းကမ်းမဲ့မော်တော်ယာဉ်များအား စတင်ဖမ်းဆီးနေပြီဖြစ်သည်။

 

ယနေ့ နေ့လည်ပိုင်းကစတင်ပြီး ယာဉ်ထိန်းရဲအပါအဝင် ဌာနပေါင်းစုံမှဝန်ထမ်းများပါဝင်သည့်အဖွဲ့က တောင်ကြီးမြို့လူစည်ကားရာနေရာများဖြစ်သော တောင်ကြီးတက္ကသိုလ်အနီးတစ်ဝိုက်၊ အနောက်မြို့ပတ်လမ်း ဝါးပြားမီးပွိုင့်လမ်းဆုံအနီး၊ အရှေ့မြို့ပတ်လမ်း အဆုတ်ဆေးရုံအနီး၊ အထက-၄ အနီး နတ်စင်နား ၊ ၁၆ ထပ်တိုက်အနီး၊ မြင်းရုပ်အနီး ဘုရားဖြူအတက် လမ်းဆုံ တို့တွင် စောင့်ဆိုင်းစစ်ဆေးနေသည်ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောပြသည်။

 

“ သတင်းကတော့အမျိုးမျိုးထွက်နေတယ် တောင်ကြီးမှာ လိုင်စင်မဲ့ကားတွေ စည်းမဲ့ကမ်းမဲ့မောင်းပြီး တိုက်ပြေးတာတွေများလာလို့ အတိုင်အတောများလာရာကနေ လိုင်စင်မဲ့ကားတွေ ဖမ်းမယ်လို့ မနေ့ကတည်းက ကြားရတယ်။ ဒီနေ့ နေ့လည်ပိုင်းလောက်ကစပြီး အနောက်မြို့ပတ်လမ်း ဧရာဝတီကဖေးနားမှာ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေကို လိုင်စင်ပါစစ်ပြီး ဖမ်းဆီးတာတွေလုပ်နေတယ်။ လိုင်စင်မဲ့ကားတွေလည်း ဖမ်းပြီး မော်တော်ပီကယ်ရုံးကို တခါတည်းတန်းပို့နေတယ်။” ဟု တောင်ကြီးဒေသခံတစ်ဦးကပြောသည်။

 

“ တောင်ကြီးတန်ဆောင်တိုင်နီးလာတိုင်း ယာဉ်ထိန်းရဲတွေလုပ်နေကျပါ။ တောင်ကြီးသားတွေတော့ ဒီအထာတွေကို ရိုးနေပါပြီ။ ဒီအတောအတွင်းတော့ ၂ ထပ်ရပ်တဲ့ကားတွေ ၊ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးတဲ့သူတွေ ၊ လိုင်စင်မဲ့တွေ သတိထားရမယ်ဗျ။ ဒီကာလမှာ ဘာမှ ညှိနှိုင်းခွင့်မပေးဘဲ တခါတလေ ကားသိမ်းတာတွေ လူကိုပါ ထောင်ချမယ်လို့ ခြိမ်းခြောက်တာတွေပါ လုပ်တတ်တယ်ဗျ။” ဟု နောက်ထပ်တောင်ကြီးသားတစ်ဦးက ပြောပြသည်။

 

ဒါ့အပြင် တောင်ကြီးမြို့အဝင်အထွက်များတွင်လည်း လိုင်စင်မဲ့မော်တော်ယာဉ်များအား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။