သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့တွင်ပြုလုပ်သော မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားတက်ရောက်ရသည့် ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးငွေ့ရှူမိပြီး မူးမေ့

တောင်ကြီးမြို့တွင်ပြုလုပ်သော မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားတက်ရောက်ရသည့် ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးငွေ့ရှူမိပြီး မူးမေ့

Hsan Loi Editor
27/06/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ယမန်နေ့ ဇွန်လ (၂၆) ရက်နေ့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် သျှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ၎င်းအခမ်းအနားကို တောင်ကြီးမြို့ရှိ ကျောင်းသားကျောင်းသူများအား တက်ရောက်စေခဲ့ကြောင်း သိရသည်။

တက်ရောက်ခဲ့သော ကျောင်းသားကျောင်းသူများသည် မူးယစ်ဆေးဝါးမီးရှို့စဉ် ၎င်းအငွေ့များကို ရှူရှိုက်မိပြီး သတိမေ့လဲကျမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင်မှ ကျောင်းသားကျောင်းသူများအား တက်ရောက်စေခဲ့ခြင်းဖြစ်သည်။