တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင် စားသောက်ဆိုင် Unplugged State Show များဆူညံမှုကြောင့် တိုင်ကြားမှုများရှိနေ

တောင်ကြီးတွင် စားသောက်ဆိုင် Unplugged State Show များဆူညံမှုကြောင့် တိုင်ကြားမှုများရှိနေ

Hsan Loi Editor
15/12/2022
Share:

 

တောင်ကြီး မြို့နယ်အတွင်း ရပ်ကွက်များ၌ စား သောက်ဆိုင်များတွင် Unplugged Show, State Show, များထည့်သွင်းဆောင်ရွက်နေခြင်းကြောင့် ပတ်ဝန်းကျင်ဆူ ညံမှုများဖြစ်ပေါ်ပြီး ရပ်ကွက်နေပြည်သူ များ မှတိုင်တန်းမှုများရှိနေကြောင်းသိရသည် ။

” ဆူညံသံတွေက မပြီးနိုင်မစီးနိုင်လေ ၊ ကလေးရော လူ ကြီး ရောမအိပ်ရဘူး ၊ ဖျားနာတဲ့လူရှိရင်ပိုဆိုးတယ် တစ် ခါကလည်း ကိုဗစ်လူနာရှိနေတယ် အ ချိန်အကန့်အသတ်နဲ့ ဆူညံကြပါ ဆိုတာကို ညလုံး ပေါက် နီးပါးပဲ ပြောမရဘူး ရက်ကွက်ရုံးသွားတိုင်လဲ တိုင်တုန်းခဏပဲငြိမ်တာ” ဟု သစ်တောရပ်ကွက်တွင်နေ ထိုင်သည့် ပြည်သူတစ်ဦးက ပြောသည် ။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ညှိနှိုင်း အစည်း အဝေး ပြုလုပ်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက် ပါက အရေးယူဆောင်ရွင်သွားရန် ဆွေးနွေးဆုံး ဖြတ်ခဲ့ကြောင်း ထွေအုပ်ရုံးနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည် ။

” ခံဝန်လက်မှတ်တွေဆိုင်တိုင်းလိုက်ထိုးခိုင်းတယ်သူတို့ စာထုတ်ထားတယ်ဆိုတာကလည်း သူတို့ခွင့်ပြုရင် Unplugged Show တွေထားလို့ရတယ်ပေါ့ သူတို့ ခွင့်မပြုရင်ပိတ်ပေါ့ ဒီသဘောပါပဲလတ်တလော ကတော့ အတိုင်ခံထားရတဲ့ဆိုင် ၅ ဆိုင်ရှိပြီ ” ဟု ၄င်းကပြော သည် ။

ခွင့်ပြုချက်တစ်စုံတစ်ရာမရှိပဲ စားသောက်ဆိုင်များ၌ Unplugged Show, State Show များထည့်သွင်း၍ ဆူညံမှုများကြောင့် အများပြည်သူစိတ်အနှောက်အယှက် မဖြစ်ပေါ်စေရေးဆောင်ရွက်သွားရန် နှင့်စားသောက် ဆိုင်များအား ခွင့်ပြုချက်မရှိပဲ ဆောင် ရွက်ခြင်းမပြုရန် သိရှိကြောင်းနှင့် လိုက်နာရန်ပျက် ကွက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဆိုကာစစ်ကောင်စီ လက် အောက်ခံ မြို့ နယ်စီမံအုပ် ချုပ်ရေးအဖွဲ့က တစ်ဆိုင်ခြင်း ခံဝန်ကတိလက် မှတ်ထိုး ခိုင်းထားကြောင်း သိရသည် ။

” အခုကဆိုင်မှာ Unplugged ထားချင်ရင် ဂီတအ စည်း အရုံးမှာ ခွင့်ပြုချက်တောင်းရမယ်တဲ့ လိုင်စင်ဆိုလားအရင် ယူရမယ်ပေါ့ နောက်ပြီးအဆိုတော်တွေခေါ်ပြီးပွဲလိုလုပ်ချင်ရင်တော့ ထွေအုပ်ရုံးမှာ ပွဲမိန့်သွားယူရမယ်လို့ ရုံးကပြောလာတယ် ” ဟု တောင်ကြီး မြို့ Bar ဆိုင်ပိုင်ရှင် တစ်ဦးကပြော သည် ။

တောင်ကြီးမြို့တွင် Unplugged Show, State Show များ ပါဝင်သော စားသောက်ဆိုင် ၊ Bar များ ၁၅ ဆိုင် ဝန်းကျင် ခန့်ရှိနေပြီးပြည်သူများတိုင်တန်းမှုကြောင့် လတ် တလော ဖျော်ဖြေရေးအစီအစဥ်များရပ်နားထား ရသောဆိုင်မှာ (၅) ဆိုင်ရှိပြီဖြစ် ကြောင်း သိရသည် ။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/