သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၂၁)ရက်နေ့မှ (၂၇) ရက်နေ့အထိ ယခုနှစ်တွင်ပြန်လည်ကျင်းပမည်ဖြစ်သည်။ အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင်လည်း တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အား နိုဝင်ဘာ (၂၄) ရက်မှ (၂၈) ရက်အထိ (၅) ရက်တိုင် ကျင်းပသွားမည်ဖြစ်ကာ နေ့အရုပ်လှမီးပုံးပျံပြိုင်ပွဲများနှင့် ညမီးကြီး နှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
