သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များအနေနဲ့ နိုင်ငံရေးအကြပ်အတည်းပေါ် အခွင့်ကောင်းယူပြီး တိုင်းရင်းသားအရေး အကြောင်းပြချက်နဲ့ တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များအနေနဲ့ နိုင်ငံရေးအကြပ်အတည်းပေါ် အခွင့်ကောင်းယူပြီး တိုင်းရင်းသားအရေး အကြောင်းပြချက်နဲ့ တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ မင်းအောင်လှိုင် ပြော

Hsan Loi Editor
01/02/2025
Share:

 

၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်တဲ့ မဲမသမာမှုကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ် မဲမသမာမှုပြုလုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က လူထုရဲ့ စိတ်ခံစားချက်ကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းက အစပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များအနေနဲ့လည်း နိုင်ငံရေးအကြပ်အတည်းပေါ် အခွင့်ကောင်းယူကာ တိုင်းရင်း သားရေး၊ နိုင်ငံရေး အကြောင်းပြချက်များနဲ့ တိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။

 

ယမန်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ၊ KNU၊ AA နဲ့ CNF တို့က PDF တို့နဲ့ပူးပေါင်းပြီး မြို့ရွာများရှိ ပြည်သူလူထုရဲ့ အသက်အိုးအိမ်များကို ဖျက်ဆီးတာ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု မရှိအောင် ဖန်တီးတာနဲ့ အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့က အခြေအနေကို အခွင့်ကောင်း ယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေတယ်လို့ စစ်ခေါင်ဆောင်က စွပ်စွဲပြောဆို လိုက်ပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၆ လအတွင်း နိုင်ငံ့ ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

 

၎င်းတိုက်ခိုက်မှုရဲ့ အကျိုးကို မည်သူမျှမရဘဲ နိုင်ငံရဲ့ ဆုံးရှုံးများသာဖြစ်ပြီး ဒီမိုကရေစီစနစ်ကို လိုလားပါတယ်လို့ ပြောဆိုပြီး လှုံ့ဆော်ပေးနေတဲ့ နိုင်ငံများ၊ လူပုဂ္ဂိုလ်များ စဥ်းစားကြရန် လိုတယ်လို့ ပြော ဆက်ပြောပါတယ်။

 

နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးခြင်းမှသာ အဖြေရှာနိုင်မှာဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမြဲတမ်းကြိုဆို လမ်းဖွင့်ပေးထားတယ်လို့ ထည့်သွင်းပြော ကြားသွားပါတယ်။