ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

တိုင်းရင်းသားများမလိုလားသော တပြည်ထောင်စနစ်ကိုသာ စစ်ကောင်စီဥက္ကဌက NCA (၇) နှစ်ပြည့်၌ ထပ်လောင်း ပြောကြား

တိုင်းရင်းသားများမလိုလားသော တပြည်ထောင်စနစ်ကိုသာ စစ်ကောင်စီဥက္ကဌက NCA (၇) နှစ်ပြည့်၌ ထပ်လောင်း ပြောကြား

ahadmin
17/10/2022
Share:
တိုင်းရင်းသားများမလိုလားသော တပြည်ထောင်စနစ်ကိုသာ စစ်ကောင်စီဥက္ကဌက NCA (၇) နှစ်ပြည့်၌ ထပ်လောင်း ပြောကြား
16 October 2022 (04:57 PM)
စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်က အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်မှာပါဝင်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာမှာ နိုင်ငံရဲ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့ တာကို သတိရဖို့လိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံ ထူထောင်ကြဖို့နဲ့ပတ်သက်ပြီး ဗမာပြည်သစ်ကိုတည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတစ်မျိုးတည်းပဲ ဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတော့ ပြည်ထောင်စု (Union) သဘောမျိုးပဲ ဖြစ်ရမယ်။
ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သား အများဆုံးတိုးတက်မှုကိုလုပ်နိုင်မှာပဲလို့ ပြောကြား ခဲ့တာရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စု (Union) ဆိုတဲ့ စကားကို သတိပြုမိဖို့လိုအပ်မှာဖြစ်ပါတယ်။”
#HsanLoiVoice
Photos: Tai freedom (NCA-S EAO) ၇ ဖွဲ့ NCA ၇ နှစ်ပြည့်အခမ်းအနား၌ တွေ့ရစဉ်။