သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ် ဆရာဝန်တဦး ပြန်ပေးဆွဲခံထားရပြီး အဆက်အသွယ်မရသေး

တာချီလိတ် ဆရာဝန်တဦး ပြန်ပေးဆွဲခံထားရပြီး အဆက်အသွယ်မရသေး

Hsan Loi Editor
24/12/2022
Share:

 

တာချီလိတ်မြို့က ဆရာဝန် စိုင်းမြင့် ပြန်ပေးဆွဲခံထားရပြီး အဆက်အသွယ်မရသေးကြောင်း နီးစပ်သည့် ဒေသခံတဦးထံမှ သတင်းရရှိထားပါသည်။

 

“၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြန်ပေးဆွဲခံရတာပါ။ တာချီလိတ် ဝိန်းကောက်ဝ်ရပ်ကွက်ဘက်က ဆရာဝန်ပါ” ဟု ပြောပါသည်။

 

သားသမီးများပင် အိမ်ထောင်ပြုပြီးကြပြီး သက်ကြီးပိုင်း သျှမ်းဆရာဝန်တဦး ဖြစ်သည်ဟု သိရသည်။

 

ငွေ ကျပ်သန်း ၃၀ ခန့်ပေးချေထားပြီး ဖြစ်သော်လည်း ပြန်လွတ်မလာသေးကြောင်း ပြောပါသည်။

 

ငွေလွဲပေးရာတွင်လည်း ၂ နိုင်ငံ ၃ နိုင်ငံအထိ လွဲပေးခိုင်းခဲ့သည်ဟု ဆိုပါသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/