တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

တာချီလိတ်ရှိ သဲချောင်းအတွင်း နှစ်မြုပ်ပျောက်ဆုံးသူ ၃ ဦးထဲမှ ၂ ဦးအား Dead Body ပြန်လည်တွေ့ရှိ

တာချီလိတ်ရှိ သဲချောင်းအတွင်း နှစ်မြုပ်ပျောက်ဆုံးသူ ၃ ဦးထဲမှ ၂ ဦးအား Dead Body ပြန်လည်တွေ့ရှိ

Hsan Loi Editor
17/02/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု စံဖူးကျေးရွာအနီးမှ သဲချောင်းအတွင်း ရေဆော့ကစားရာမှ နှစ်မြုပ်ပျောက်ဆုံးသွားသူ ၃ ဦးထဲမှ ၂ ဦးအား Dead body ပြန်လည် တွေ့ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။
May be an image of ‎text that says '‎عادگ FAlSKKMHM SkKMHM ESSENDER-A 남열k는님! SEVDER-OVh.ORs ENDER-OVA ရေနစ်သေဆုံးသူ የሮደ8 ( (မောင်ဇင်လင်းဖြိုး) အသက် (16) (16)နှစ် နှစ်‎'‎
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းအချိန်က တာချီလိတ်ရှိ သဲချောင်းအနီး အပန်းဖြေရန် ပြုလုပ်ထားတဲ့ နေရာသို့ ကျောင်းသားအုပ်စု လာရောက်အပန်းဖြေပြီး ရေဆင်းဆော့ကစားရာမှ ၃ ဦး ရေနှစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။
May be an image of text that says 'ရေနစ်သေဆုံးသူ (မောင်ဖြိုးမင်းသန့်) အသက် (16)နှစ် အသက်(16)နှစ် နှစ်'
နှစ်မြုပ်ပျောက်ဆုံးသွားတဲ့ ၃ ဦးအနက် တာချီလိတ်မြို့ ဝမ်ကောင်းရပ်နေ မောင်ဇင်လင်းဖြိုး အသက် (၁၆)နှစ် နဲ့ မောင်ဖြိုးမင်းသန့် အသက် (၁၆)နှစ် တို့ရဲ့ အလောင်းကို ဒီကနေ့ နံနက်ပိုင်းမှာ ပြန်လည်တွေ့ရှိ တာဖြစ်တယ်လို့ ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။
No photo description available.
ပျောက်ဆုံးသူတွေကို တာချီလိတ်မြို့ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းပြီး ရှာဖွေတာဖြစ် ပါတယ်။
အဲ့ဒီ မဲခေါင်မြစ်ဘေး ဒေသအခေါ် (သဲချောင်း)အနီးမှာ နွေရာသီအပန်းဖြေဖို့ ဝါးတဲများဖြင့် ပြုလုပ်ထားပြီး အပန်းဖြေ လာရောက်အနားယူ ရေဆော့ကစားရာ နေရာြဖစ်ပြီး ချောင်းအတွင်း ရေဆော့ကစားရာမှာလည်း အထူးဂရုပြုဖို့ တာဝန်ရှိတွေက အသိပေးထားပါတယ်။May be an image of ‎fishing, lake and ‎text that says '‎- ع +ዮ 通 キ‎'‎‎
Photo – ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအဖွဲ့